Memorise
ရှောင်ကျန့် ပါးပါးအနားမှာ အဖော်ပြု ပြုစုပေးနေခဲ့တာ ၁ပတ်တိတိရှိပြီဖြစ်သည်။ ပါးပါအတွက် ဆေးညွှန်ကအတိုင်း ဆေးတွေတိုက်ရ။ ပါးပါးနဲ့ တည့်တဲ့ ပါးပါးစားချင်တဲ့ အပြင်စာတွေ ဝယ်ကျွေးရ။ ပါးပါးကြိုက်တဲ့ ဘောလုံးပွဲတွေ အတူတူထိုင်ကြည့်ပေးပြီး မနက်ခင်းနှင့် နေ့လည်ခင်းမှာဆို ပါးပါးကို ဝှီးချဲလေးပေါ်တင်ဆောင်, ပါးပါးရဲ့ ဝှီးချဲလေးကို ညင်ညင်သာသာလေး တွန်းကာဖြင့် ပန်းခြံထဲ လမ်းလျှောက် ထွက်ကြသည်။
ပါးပါးရဲ့ အပျော်တွေ ရှောင်ကျန့်ခံစားမိသည်။
ပြုံးနေသော နှုတ်ခမ်းပါး။ သဘောကျနှစ်သက်သော မျက်ဝန်းရိပ်တွေ။ တခါတလေ သူ့လက်တွေကို ဆုပ်ကိုင်လာတဲ့အခါတိုင်း ပါးက သူ့ကို အရမ်းပင် ကျေးဇူးတင်နေပုံ သက်ရောက်လို့...."ပါးပါး ဒါတွေအားလုံး ကျနော် လုပ်သင့်တဲ့အရာတွေပါ။ အားနာမနေပဲ ကျနော့်ရဲ့ ဂရုစိုက်မှုတွေကို လက်ခံပေးပါ နော် ။
ကျနော် အနားမှာရှိရင် ပါးပါး ပျော်တယ်မလား"
ခေါင်းလေးကို အကြိမ်ကြိမ်ငြိမ့်ကာဖြေနေသော ရှောင်းကျန့် ပါးပါး။
"ဘာမှ တွေးမနေနဲ့တော့ နော် ပါးပါး ။
ပါးပါးပျော်ဖို့သာ အဓိကပဲမို့"ဝမ်းနည်းခြင်းရိပ် ကြည်နူးခြင်းတို့ ရောယှက်လာသော မျက်ဝန်းတို့က အရည်ကြည်တွေဝေ့သက်ကာ မျက်ရည်တွေ ဒလဟော စီးကျလာသည်။
ပါးကမကျန်းမမာနဲ့ လူပို တစ်ယောက်ပါပဲ။ ရှောင်းကို ပါးပါး တစ်ကိုယ်ကောင်းဆန်စွာ ဆွဲထားမိပြီးထင်တယ်။
စာရွက်ကလေးပေါ် ချရေးလာသော စကားလုံးတို့ကို ဖတ်ပြီ ရှောင်းကျန့် ပါးပါးကို ပွေ့ဖက်ထားလိုက်မိသည်။
"မဟုတ်ဘူး အဲ့လိုမတွေးရဘူးလေ ပါးပါး ။
ပါးပါးက ကျန်းမာသည်ဖြစ်စေ။ မကျန်းမာသည်ဖြစ်စေ။ ပါးပါးက အမြဲတမ်း ရှောင်း ပါးပါးပဲ "
YOU ARE READING
Waterfall and Green Forest ,I'll Be Always Here -(Z&U)
Short Storyသံယောဇဉ်ဆိုတာ ဖြတ်လို့မရတဲ့ ကြိုးမျှင်ကလေး..... သံယောဇဥ်ဆိုတာ ဖြတ်လို့မရတဲ့ ကြိုးမျှင်ကလေး..... 🌲Shortstory🌲