ဖြူလွလွဝံပုလွေနင့် တွေ့ဆုံခြင်းရှောင်ကျန့် လမ်းပြမပါပဲ နောက်ထပ် တစ်ခေါက်ရေတံခွန်ရှိရာသို့ရောက်လာခဲ့သည်။ ရွာသူကြီးကို အသိပေးပြီးလာခဲ့ရသည်မို့ရှောင်ကျန့် နောက်ဆံတင်းမနေဘဲ ရေတံခွန်အနီးတဝိုက်နေရာ အနှံ့ကို လျှောက်ပတ်ကြည့်နေလိုက်သည်။ သူ့ လက်ထဲ ကင်မရာကိုလည်း ကိုင်ထားသည်။ ကျောပိုးအိတ်ထဲမှာ စားစရာ သေရစာတချို့နဲ့ ရေတစ်ဗူးလည်း ပါသေးသည်။ သူသုံးနေကျ ဖုန်းလည်းထည့်လာခဲ့သည်။ ရေစီးသန်နေသော ရေတံခွန်ကြီးရဲ့ ရေစီးကျသံက တောအုပ်တစ်ခုလုံးကို တဝေါဝေါနဲ့ ဖုံးလွှမ်းလို့ထားသည်။ ငှက်ကလေးများရဲ့တေးသီသံနှင့် အော်ညည်းသံတို့ကို တော့ တိုးလျလျသာကြားနေရသည်။
ရှောင်ကျန့် ဓါတ်ပုံထဲက သစ်ပင်ကို ရှာသည်။ တောအုပ်လေးက အနည်းငယ်ကျယ်သည်မို့ သူနှင့် လမ်းပြသွားခဲ့တဲ့နေရာတို့သည် ရေတံခွန်အနီးတဝိုက်ဝန်းကျင်ပဲ ဆိုတာ ရှောင်ကျန့်မှတ်မိနေခဲ့တယ်။
သူရှာဖွေရင်း သစ်ပင်ကြီးကိုတွေ့တယ်။ ဘေးမှာ ခြုံတွေနဲ့ ပုန်းခိုဖို့အတွက်နေရာကောင်းတစ်ခုပဲ။ ရှောင်ကျန့် ခြုံတွေကို ကျော်နင်းပြီး တစ်ဖက်ကိုကျော်ခွဝင်လိုက်သည်။ သစ်ပင်ရဲ့ တစ်ဖက်မှာ ကုတ်ခြစ်ရာတွေကိုတွေ့သည်။ သစ်ပင်ရဲ့ ပင်ရင်းနားမှာတော့ အရိုးစုအကြွင်း အကျန်တစ်ချို့ကိုတွေ့သည်။ ကြက်ရိုး၊ ယုန်ရိုး၊ ငါးရိုးနဲ့ တူသော အရိုးစုတွေ။
ဒီတောအုပ်ငယ်လေးမှာ ကျက်စားနေထိုင်ကြတဲ့ သားရဲတစ်ချို့တော့ရှိမှာပဲလို့ ရှောင်ကျန့်တွေးလိုက်သည်။ ရွာမှာလည်း တစ်ချို့ကအမဲလိုက်လေ့ရှိတယ်ဆိုတာ ရွာသူကြီးက ဆိုဖူးသည်။ လူသူအလာများတဲ့ ဒီတောအုပ်လေးက သားရဲတွေ ပုန်းခို ရှင်သန်နေကြတဲ့ အရိပ်အယောင်တချို့ကိုတော့ ရှောင်ကျန့်ခံစားမိလို့နေသည်။
ကုတ်ခြစ်ရာတွေနဲ့ သစ်ပင်ကိုရှောင်ကျန့် ဓါတ်ပုံရိုက်ယူလိုက်သည်။ သစ်ခက်ခြောက်တွေကို ဖြတ်လျှောက်နင်းရင်း နောက်ထပ်တစ်ခေါက် ရှောင်ကျန့် လျှောက်ကြည့်နေမိပြန်သည်။
YOU ARE READING
Waterfall and Green Forest ,I'll Be Always Here -(Z&U)
Short Storyသံယောဇဉ်ဆိုတာ ဖြတ်လို့မရတဲ့ ကြိုးမျှင်ကလေး..... သံယောဇဥ်ဆိုတာ ဖြတ်လို့မရတဲ့ ကြိုးမျှင်ကလေး..... 🌲Shortstory🌲