Story Part-8

83 4 0
                                    

လွန်ခဲ့‌သော နှစ်ပေါင်းများစွာက
 

"​ရေစက်ရဲ့အစမှာ
တွေ့ဆုံခြင်း​တွေဖြစ်တည်လာတယ်။
ကြမ္မာတူ​နေတဲ့ ကျ​နော်တို့ နှ​​စ်​ယောက်ရဲ့ ဇာတ်လမ်းက ဒီလို စ ခဲ့တယ်"

ယွမ်ရှန်း ပြည်နယ်ကို စောင့်ရှောက်သော စစ်သူကြီး ကျန်းကျင့်လင့်ဆိုတာရှိတယ်။ သူ့မှာ အစွမ်းထက်တဲ့ စုန်းမျိုးနွယ်စု တစ်စုရှိတယ်။ အဲ့ဒီမျိုးနွယ်စုက သူ့ရဲ့ စစ်သည်အင်အားနှင့် အတိုက်အခိုက်ပညာကိုပါ ထိန်းချုပ်နိုင်စွမ်းရှိတယ်။ သူ့ပြည်နယ်ကို လာတိုက်ခိုက်တဲ့ ပြည်နယ်တိုင်း အရှုံးနဲ့ပဲ ရင်ဆိုင်သွားရတာကြောင့် ယွမ်ရှန်းပြည်လို့ကြားလိုက်သည့် အိမ်နီးချင်းနိုင်ငံများက သူ့ပြည်နယ်ကို နယ်ချဲ့တိုက်ခိုက်လိုစိတ်တွေ အတွေးထဲမှာတောင် မထည့်ရဲလောက်အောင် ဖြစ်သွားကြရတယ်။

စစ်သူကြီးကျန်းသည် နန်းတွင်းတွင် အမတ်ကြီးများ၏ ထောက်ခံချက်များစွာ ရရှိသည့်အတွက်ကြောင့် ဘုရင်ကြီး ဝမ်က စိုးရိမ်စိတ်တွေ ဖြစ်လာရတယ်။

တစ်နေ့ ရှေ့ဖြစ်ဟော နတ်ဆရာမက အနာဂါတ်ဘုရင်လောင်းနာမည်ကို ထုတ်ပြောလာခဲ့တယ်။

သူကတော့ စစ်သူကြီး ကျန်းကျင့်လင့်ပဲဖြစ်တယ်။ ဘုရင်ကြီးမှာ သားသမီး မထွန်းကားခဲ့ပါ။ တူတော် တစ်ယောက်ရှိပေမယ့် ထိုတူတော်ရဲ့ အသက်က ငယ်ရွယ်သေးသည်မို့ နန်းအပ်ရန်မသင့်သေး။

ထို့အတွက်ကြောင့် အိမ်ရှေ့စံရာထူးကို အမြန် ဆင့်ခေါ် ခန့်အပ်ကာ သူ့ရဲ့ မွေးစားသားအဖြစ် တရားဝင် အမိန့်စာ ထုတ်ပြန်လိုက်သည်။

သူသည် အကြောင်းအမျိုးမျိုးကြောင့် သေဆုံးခဲ့သည်ရှိသော် ထို တူတော်မောင် အိမ်ရှေ့စံက ထီးနန်းကို စောင့်ရှောက်ရမည်ဖြစ်သည်။ တော်ဝင်မျိုးနွယ်များကိုသာ ထီးနန်းကို ဆက်ခံစေမည်။ သွေးသားမဟုတ်သည့်စစ်သူကြီး ကျန်းကျင့်လင့်ကို သူ့ထီးနန်းကို ပိုင်ဆိုင်ခွင့်မပေးနိုင်ပါ။ ဆွေစင်မျိုးဆက် ထိန်းသိမ်းခဲ့ပါသော ယွမ်ရှန်းပြည်ကို သွေးသားမဟုတ်သည့် စစ်သူကြီးကျန်း လက်ထဲ အပါမခံနိုင်ပါ။ ဒီကံကြမ္မာကို သူကျိန်းသေပြောင်းလဲရမည်။
 
“စစ်သူကြီး ကျန်း အမိန့်နာခံစေ’'

You've reached the end of published parts.

⏰ Last updated: Sep 25, 2021 ⏰

Add this story to your Library to get notified about new parts!

Waterfall and Green Forest ,I'll Be Always Here -(Z&U)Where stories live. Discover now