Return back to White wolf
မော်ဒယ်တွေ အားလုံးကို မိုက်ကယ် က ဖုန်းဆက်လှမ်း ခေါ်သည်။ အရင်ရောက်လာသူများကို အရင်ရိုက် ပေးပြီး တဖြည်းဖြည်းနဲ့ စတူဒီယိုမှာ ရှုပ်ယှက်ခတ်လို့လာသည်။ ဆက်တင်ကလူတွေ နောက်ပြီး မီးအလင်းအမှောင်ချိန်သူတွေ၊ Make up Artist ၊ ဒီဇိုင်နာတွေအားလုံးက ပျာယာခတ်စွာအလုပ်ရှုပ်နေကြသည်။ ရှောင်ကျန့်ကလည်းကင်မရာကို ကိုင်မကာ တဖျပ်ဖျပ်နဲ့ ရိုက်သည်။
အိုက်တင်ပိုင်း သင်ပေးသူကလည်း တက်သစ်စတွေကို သေချာသင်ပေးတော့ ရှောင်ကျန့်မှာ ရိုက်ရတာ ပိုမြန်ပြီး ရိုက်ချက်ပိုင်းကိုလည်း သိပ်အာရုံစရာမလို။
ရှုတင်ပြီးချိန်မှာတော့ အားလုံးခြေကုန်လက်ပန်းကျရတော့သည်။ ရှောင်ကျန့်က အားလုံးအတွက် ညစာ ကိုဆိုင်တစ်ဆိုင်တွင် ဘိုကင်မှာပေးကာ နှုတ်ဆက် စားပွဲလေးတစ်ခုလုပ်ပေးဖြစ်ခဲ့သည်။ အားလုံးကကျေနပ်အားရကာ ကျေးဇူးတင်ကြောင်းဆိုပြီး သူ့အား နှုတ်ဆက်ကြလေသည်။ လမ်းခရီး အဆင်ပြေပါစေပေါ့။
ရှောင်ကျန့် ခရီးသွားမည့် အကြောင်းကို မိုက်ကယ်က အားလုံးကို ပြောပြထားပြီးပြီဖြစ်လို့ ထွေထွေထူးထူးပြောဖို့မလိုအပ်။ ရှောင်ကျန့်က စတူဒီယိုမှာ စကားအနည်းဆုံး။
အားလုံးနှင့်လိုက်လျောညီထွေနေတတ်ပေမယ့် စကားအပြောအဆိုနှင့်ဖော်ရွေမှု အား နည်းတာကြောင့် အားလုံးက သဘောကျ လေးစားကြပေမယ့် ရှိန်ကြတာတော့အမှန်။ အလုပ်အတူ တွဲလုပ်ကြတာ ကာလတစ်ခုအထိ ကြာပေမယ့်လို့ အေးစက်စက် ဆံဆက်ရေးတွေကြောင့်မို့ထင် နှုတ်ဆက်ထွက်ခွာခြင်းက ကြေကွဲဝမ်းနည်းမှု အလျင်းကင်းနေကြသည်။ မိုက်ကယ်က လွဲရင်ပေါ့။
တောင်ပေါ်မြို့ရွာကလေးကို ရှောင်ကျန့်နောက်ထပ်တစ်ခေါက်ထပ်၍ရောက်တော့ အတော်လေးပြောင်းလဲလာတာတွေ့ရသည်။ ခေတ်မှီ လာသော ပတ်ဝန်းကျင် အနေအထား အငွေ့အသက်က ပြောင်းလဲလို့လာသည်။ မီးတိုင်ရှည်များ နှင့် Wind Framကြီးများ ကုန်းမြင့်များထက် နေရာယူပြီးနေကြပြီ။ တောအုပ်လေးကို Green Forestအမည်ဆိုင်းဘုတ်နှင့်တကွ ဝင်ကြေး ဂိတ်ကလေးပါ တွေ့လိုက်ရသည်။ တောအုပ်လေးက အခုဆို အပန်းဖြေ ဥယျာဥ်ကလေး ဖြစ်လို့နေပါပြီ။
YOU ARE READING
Waterfall and Green Forest ,I'll Be Always Here -(Z&U)
Short Storyသံယောဇဉ်ဆိုတာ ဖြတ်လို့မရတဲ့ ကြိုးမျှင်ကလေး..... သံယောဇဥ်ဆိုတာ ဖြတ်လို့မရတဲ့ ကြိုးမျှင်ကလေး..... 🌲Shortstory🌲