(Z&U)
သူအိမ်ထဲသို့ ဝင်လာတာနှင့်မမဇင်က သူ့လက်ထဲက အိတ်တွေဖိုင်တွဲတွေကို သယ်ပေးဖို့ လာယူလေသည်။
သူက မမဇင်ကိုလက်ကာပြလိုက်ရင်း ....."ရတယ်မမဇင်ကျွန်တော့်ဘာသာပဲ ယူသွားလိုက်တော့မယ်.....
ဖေဖေရော ပြန်ရောက်ပြီလား .... ""မရောက်သေးဘူးမောင်လေး .... "
ရင့်မောင်လေး ဘာသောက်ဦးမလဲ မမဇင်တစ်ခုခု သွားယူပေးရမလား ...... "သူ, အပြင်တစ်ေနရာရာကနေ ပြန်လာရင်အမောပြေသောက်နေကျရယ်လို့ သတ်မှတ်ထားလေ့မရှိသော်လည်း စိတ်ပါရင်ပါသလိုသောက်ချင်တာကို သောက်တတ်ပါသည်။ ဒါကြောင့်လဲ မမဇင်က ဘာယူပေးရမလဲဟုမေးနေခြင်းဖြစ်သည်။
"ဘာမှမသောက်တော့ဘူး မမဇင်.....
ဒါနဲ့ဒေါ်ဝေရော မတွေ့ပါလား ..... ""ဒေါ်ဝေကဈေးသွားတယ်မောင်လေး ရင့်.....ပြောစရာရှိလို့လားဟင်.... "
"မဟုတ်ပါဘူး .... မနေ့ကဒေါ်ဝေ ခါးနာနေတယ်လို့ပြောသံကြားလို့ လိုအပ်မယ်ထင်တဲ့ဆေးတွေ ကျွန်တော်ဝင်ဝယ်လာတာ ......
ရော့ ... ဒီမှာ .....
ဒေါ်ဝေပြန်လာရင်ပေးလိုက်နော်မမဇင်..... "ဒီအိမ်မှာ အိမ်အကူနှစ်ယောက်ရှိသည်။ မဇင်ဇင်စိုးနဲ့ဒေါ်ဝေဝေတို့ဖြစ်သည်။ နှစ်ယောက်လုံးက တူဝရီးတော်ကြပါသည်။ဒေါ်ဝေကအသက်လေးဆယ်ကျော်ခန့်ရှိကာ မမဇင်က သုံးဆယ်မပြည့်တပြည့်အရွယ်ဖြစ်၏။
တူဝရီးနှစ်ယောက်လုံး ဒီအိမ်မှာ အလုပ်လုပ်ကြတာ ငါးနှစ်ကျော်ခန့်တော့ ရှိနေပြီမို့ မိသားစုတွေလိုပဲ ဖြစ်နေကြပါပြီ။သူမတို့တူဝရီးနှစ်ယောက်ကလဲ ဒီအိမ်ရှင်တွေအပေါ်မှာစေတနာအပြည့်နဲ့ အိမ်ရဲ့ဝေယျာဝစ္စအဝဝကို လုပ်ပေးတတ်သလို အိမ်ရှင်တွေဖြစ်တဲ့ သူမတို့အလုပ်ရှင်တွေကလဲ သူမတို့အပေါ်တွင်ဒီလိုမျိုးသေးသေးမွှားမွှားကအစ ဂရုတစိုက်ရှိလှပါသည်။
အလုပ်ရှင်နဲ့ အလုပ်သမားဆိုတာထက်ဆွေမျိုးနီးစပ်မိသားစုတွေ ပုံစံမျိုး ဖြစ်နေတာပါ။
ESTÁS LEYENDO
ငါ မုန်းပါရစေ (Normal)