(U&Z)
ချစ်ခြင်း အိပ်နေသည့်တစ်ဖက်အခန်းထဲမှ ငိုသံလိုလိုညည်းသံလိုလို ကြားလိုက်ရ၍ ရင့်နားစွင့်မိသွားရသည်။ ညနက်တဲ့အထိ သူ့အခန်းထဲမှာ အလုပ်တွေလုပ်နေတာမို့ ညဆယ့်တစ်နာရီထိုးတာတောင်ရင့်မအိပ်ဖြစ်သေးပေ။
ဘန်ဂလိုအိမ်လေးက အခန်းနှစ်ခန်းရှိကာ အခန်းနှစ်ခုက ကပ်လျက်ပဲဖြစ်သည်။ ထို့ကြောင့်ချစ်ခြင်းအသံကို သူအတိုင်းသားကြားနေမိ၏။
ညနေက မမကြူပြောပြလို့ ချစ်ခြင်းနေသိပ်မကောင်းဘူးဟုတော့ သူကြားမိသည်။ရေကူးကန်ထဲပြု တ်ကျလိုက်တော့ သူမပိုများနေမကောင်းဖြစ်နေတာလားလို့လဲ လူကတွေးမိသွားရသည်။
ချစ်ခြင်းဆီသို့သွားဖို့ မသွားဖို့စဉ်းစားမိနေရင်းနဲ့နောက်ဆုံးတော့ အခန်းထဲကနေ ထွက်လိုက်ကာ ချစ်ခြင်းအခန်းရှေ့သို့ သူရောက်သွားရသည်။"ဒေါက်...ဒေါက်.... "
"ချစ်ခြင်း .... ချစ်ခြင်း .... နင်ဘာဖြစ်နေတာလဲ .....
နေမကောင်းလို့လား ..... "ဘာမှပြန်မဖြေပေ။ တံခါးကိုတွန်းဖွင့်ကြည့်တော့လဲလော့မချထားတာမို့ သူဝင်ခဲ့လိုက်သည်။
အထဲမှာ မီးပိတ်ထားတာေကြာင့်မှောင်နေတာမို့သူမီးဖွင့်လိုက်လေသည်။
အလင်းရောင်နဲ့ ချစ်ခြင်းကို သူကောင်းကောင်းမြင်လိုက်ရ၏။ ကုတင်ပေါ်မှာတစောင်းလေးလှဲအိပ်နေသည့်သူမသည်ညည်းသံသဲ့သဲ့နှင့်။သူမနဖူးလေးကိုဖိစမ်းလိုက်တော့ ကိုယ်တွေတအားပူနေလေ၏။
"ကိုယ်တွေတော်တော်ပူနေတာပဲ .... "
သူမဒီလိုဖြစ်ရတာ သူ့ကြောင့်ပဲမို့ လူကစိတ်ပူမိသွားရသည်။ ပြီးတော့ ကိုယ့်ကိုကိုယ်လဲ စိတ်တိုသွားမိ၏။
"ရင့်ရာ မင်းပြောတော့ သူ့ကိုမုန်းတယ်ဆို ....
အခုဘာကိုစိတ်တိုနေရပြန်တာလဲ ..... "ကိုယ့်ကိုကိုယ်အလိုမကျစွာ အပြစ်တင်မိပြန်သည်။ ညနေကအဖြစ်ကို သူ့ကိုသူလဲ နားမလည်နိုင်ပေ။ ချစ်ခြင်းကို သူအမိအရဖမ်းဆွဲထားမိတာက စိုးရိမ်လို့ သူမထိခိုက်သွားမှာစိုးလို့ ဒါကရုတ်တရက်ဖြစ်ပေါ်လာသောစိတ်ပဲဖြစ်၏။
နောက်မှ ငါကသူ့ကိုမုန်းနေတဲ့သူဟု ကိုယ်ကိုကိုယ်ဆင်ခြင်မိရင်း သူမကိုရေထဲလွှတ်ချခဲ့မိသည်။
ESTÁS LEYENDO
ငါ မုန်းပါရစေ (Normal)