(U&Z)
ဒီနေ့က ရင့်နဲ့ချစ်ခြင်းတို့နှစ်ယောက်ဒီဘန်ဂလိုအိမ်လေးမှာ အတူနေကြသည့်နောက်ဆုံးနေ့ပါပဲ။
တခြားကိစ္စတွေ ပြသနာတွေကိုဖြေရှင်းခဲ့ပြီးပေမယ့်သူနဲ့ ချစ်ခြင်းကြားက အမုန်းတွေ သံယောဇဉ်တွေ နားလည်မှုတွေကိုဖြေရှင်းကြဖို့ အခုချိန်သည်အဖြစ်သင့်ဆုံး ....။"ချစ်ခြင်း .... "
သူခေါ်လိုက်တော့ ချစ်ခြင်းကလှည့်ကြည့်၏။
ချစ်ခြင်းက အခန်းထဲက သူမပစ္စည်းတွေကို သိမ်းဆည်းနေတာဖြစ်သည်။
မနက်ဖြန်ဆိုရင် ချစ်ခြင်းတို့ရန်ကုန်ကိုပြန်ကြတော့မည်။ ပန်းနုလဲပြန်လိုက်သွားမှာဖြစ်သည်။
ရင့်ကတော့ ဒီလကုန်မှသာ ရန်ကုန်ကိုလိုက်လာဖြစ်မှာဖြစ်၏။ချစ်ခြင်းက ရန်ကုန်ပြန်ပြီး သူမအမွေကိစ္စတွေကိုဖြေရှင်းရမှာဖြစ်သည်။
ပြီးတော့ အရင်ကနေခဲ့ဖူးသည့်နယ်မြို့လေးမှာ သူအဖေရဲ့အမည်နဲ့မိသားစုအမည်ကို ပြန်လည်သန့်စင်နိုင်ဖို့ အမှုကိစ္စတွေကို ပြန်ဖွင့်ပြီး တရားခံတွေကို တရားစွဲဖို့တွေ လုပ်ရပါဦးမည်။
နောက်ဆိုချစ်ခြင်း အလုပ်တွေရှုပ်နေတော့မှာပဲဖြစ်ကာ သူနဲ့တွေ့ဖို့ ဒီနေ့ကသာနောက်ဆုံးဖြစ်ပါသည်။ရင့်နဲ့ချစ်ခြင်း မျက်နှာချင်းဆိုင်စကားပြောဖြစ်သွားရ၏။
"နင်ငါ့ကို ဘာပြောမလို့လဲ ရင့်....
တောင်းပန်ဖို့ဆိုရင်တော့ မတောင်းပန်ပါနဲ့လို့ ငါပြောချင်တယ်....
နင်လဲမသိလို့ မှားခဲ့တာပဲ ငါနားလည်ပေးနိုင်တယ်.... ""နင်ငါ့ကို အမြဲတမ်း ဘာလို့နားလည်ပေးနိုင်နေတာလဲ .....
ငါက နင့်ကိုဘယ်တုန်းကများကောင်းခဲ့ဖူးလို့လဲ နင့်ကိုအမြဲရက်စက်ခဲ့တာက ငါပါ ... ""အဲ့ဒါတွေက ပြီးသွားပြီလေ ....
ငါလဲအခု နင့်အမုန်းတွေကနေ လွတ်လပ်သွားပြီပဲ အရာအားလုံး ပြီးဆုံးသွားပြီပေါ့ .... "ချစ်ခြင်းကအေးဆေးလွန်းစွာပြောနေလေသည်။ သူမတကယ်ပဲ သူ့ဆီကလွတ်မြောက်ခွင့်ရသွားလို့ ဒီလိုအေးဆေးပြီးနေနိုင်နေတာလား ....
သူ့မှာတော့ ချစ်ခြင်းအပေါ်မှားခဲ့မိတာကိုရော မုန်းခဲ့မိတာတွေအတွက်ရော နာကျင်မှုတွေကရောထွေးနေခဲ့ကာ စိတ်တွေရှုပ်နေရလေသည်။
အထူးသဖြင့်ချစ်ခြင်းသူ့အနားက ထွက်သွားတော့မယ့်ကိစ္စကိုတွေးမိပြီးပိုစိတ်ညစ်နေမိ၏။
VOUS LISEZ
ငါ မုန်းပါရစေ (Normal)