(U&Z)
လွန်ခဲ့သော ဆယ်နှစ်ကျော်ခန့်က .....
( 2006 ခုနှစ်..... )နာကျင်စရာ အတိတ်ေဟာင်းတို့၏ အစဖြစ်တည်ရာနေရာသည်လမ်းပန်းဆက်သွယ်ရေး အဆင်ပြေပြီး ဖွံ့ဖြိုးစည်ကားသော နယ်မြို့လေးတစ်မြို့တွင်ဖြစ်သည်။
ထိုမြို့လေး၏ အထက်တန်းကျောင်းတစ်ခု၌ မုန်းစားဆင်းချိန်တွင်.....
ကျောင်းဝင်းထဲရှိသစ်ပင်ကြီးတစ်ပင်အောက်ပတ်ပတ်လည်တွင်ကျောင်းသားေတွ ထိုင်ဖို့လုပ်ေပးထားသည့်သစ်သားစားပွဲလေးတွေရှိလေသည်။
ထိုစားပွဲလေးတွေထဲက တစ်ခုတွင်ပန်းနုရင့်ရောင့်နှင့်ချစ်ခြင်းဝေဝေဟူသော ရှစ်တန်းကျောင်းသူ မိန်းခလေးနှစ်ယောက်ထမင်းအတူတူ ထိုင်စားနေကြလေ၏။"ပန်းနု နင့်မောင်မလာသေးဘူး ကြာလိုက်တာဟာ .... "
ချစ်ခြင်းက ပန်းနုထမင်းချိုင့်ထဲသို့ သူမရဲ့ ဟင်းတစ်တုံးကို ခတ်ထည့်ပေးလိုက်ရင်းနဲ့မေးလိုက်လေသည်။"ဟုတ်တယ်ကြာလိုက်တာ .....
သူဘာတွေလုပ်နေတာလဲ မသိဘူး .....
ရင့်ကနင်နဲ့ ဘာလို့တစ်ခါထဲ မလိုက်လာတာလဲ ချစ်ခြင်း .....
နင်တို့က တစ်ခန်းထဲပဲလေ .... "ချစ်ခြင်းနဲ့ အလင်းရင့်ရောင်တို့က အခန်းတူကြသည်။ သူတို့ကျောင်းမှာ အမှတ်နဲ့လိုက်ပြီး A,B,C အခန်းတွေ ခွဲထားကြတာဖြစ်၏။ ရင့်နဲ့ ချစ်ခြင်းကအမှတ်များပြီး စာတော်သူတွေမို့ အတန်းAမှာ စာသင်ရကာ အမှတ်နည်းပြီး စာသိပ်မတော်သည့်ပန်းနုကတော့ အတန်းBမှာ စာသင်ရလေသည်။
"မသိပါဘူးဟယ်....
မုန့်စားဆင်းချိန်ရောက်တော့ နင်အရင်သွားနှင့်ဆိုပြီးတော့ သူကထွက်သွားတာပဲ ဘယ်သွားမှန်းလဲ မသိဘူး ဘာမှလဲမပြောသွားဘူး ..... "နှစ်ယောက်သား ရင့်ကိုစောင့်ရင်းတစ်မျှော်မျှော်နဲ့ပဲ ထမင်းဆက်စားနေစဉ်.....
သူမတို့နှစ်ယောက် အနားသို့ပန်းနုတို့ အတန်းထဲကကျောင်းသားတစ်ယောက်အပြေးအလွှားရောက်လာ၍ .....
CZYTASZ
ငါ မုန်းပါရစေ (Normal)