(U&Z)
(အသေးအမွှား ပြသနာလေးတစ်ခုမှ စခဲ့သည့်
2006 ခုနှစ်၏ ရန်ပွဲငယ်လေး တစ်ခု ..... )ဒီနေ့ ချစ်ခြင်းနဲ့ကစားကွင်းမှာဆုံဖို့ ချိန်းထားတာမို့ ရင့်နဲ့ ပန်းနုတို့မောင်နှမနှစ်ယောက်ရောက်လာခဲ့လေသည်။
သူတို့ရောက်လာတော့ ချစ်ခြင်းက ကစားကွင်းရှေ့မှာပဲ ရှိနေလေသည်။
ရင့်နဲ့ ပန်းနုက ချစ်ခြင်းကို မြင်တော့ လက်လှမ်းပြလိုက်ပြီး ပြုံးပြုံးရယ်ရယ်နှင့်နှုတ်ဆက်လိုက်ကြသော်လည်း .....
ချစ်ခြင်းကတော့ သူတို့မောင်နှမရောက်လာတာကို မြင်တာတောင်မပြုံးမရယ်ခပ်တည်တည်လေးနှင့်ဒီတိုင်းပဲ ရပ်နေခဲ့လေသည်။"ချစ်ခြင်း ... နင်ဘာဖြစ်နေတာ .... "
"အေးလေ ... မျက်နှာကလဲ မကြည်မလင်နဲ့ ဘာဖြစ်တာလဲ .... "
"ဘာမှမဖြစ်ပါဘူးလို့ပြောရင်လိမ်ရာကျနေဦးမယ်.....
တကယ်က ငါပြောစရာရှိလို့ နင်တို့နဲ့လာတွေ့တာ ..... ""ငါတို့ကို ဘာပြောမလို့လဲ နင်က .... "
ချစ်ခြင်း အမူအရာက ပျက်ယွင်းနေပြီး တစ်စုံတစ်ခုပြောဖို့အတွက်ပြောမထွက်သည့်ပုံစံမျိုး။
"ငါနောက်ဆို နင်တို့နဲ့ မတွေ့တော့ဘူး .... "
"ဘာ .... "
"ဘာလို့လဲ ချစ်ခြင်းရယ်.... "
"ငါ့အဖေက နင်တို့နဲ့ အပေါင်းအသင်းမလုပ်ဖို့ပြောတယ်.... "
"အဲ့ဒါဘာဖြစ်လဲ .....
အရင်ကလဲ ဒီလိုပြောနေကြပဲလေ ....
အထူးအဆန်းလုပ်ပြီးပြောနေသေးတယ်...."
ရင့်က ချစ်ခြင်းကို ကြည့်၍ နားမလည်နိုင်စွာပြောလိုက်၏။"အခုတစ်ခါက အရင်ကနဲ့ မတူတော့ဘူး .....
ငါ့အဖေ အရမ်းစိတ်တိုနေတယ်.....
ဒီတစ်ခေါက်ငါ့အဖေလုပ်မယ့်အလုပ်တစ်ခုကို နင်တို့အဖေက အကြီးအကျယ်ဝင်နှောင့်ယှက်လို့ ငါ့အဖေ စီးပွားရေးတွေ ယိုင်သွားတယ်လို့ပြောတယ်
ငါလဲသိပ်တော့နားမလည်ဘူး ..... "
ESTÁS LEYENDO
ငါ မုန်းပါရစေ (Normal)