(U&Z)
ရင့်နဲ့ပန်းနုတို့ စံမဒီတို့ဆီမှပြန်လာတော့ ရင့်ရဲ့ဦးတည်ရာက ချစ်ခြင်းရှိသည့်နေရာသို့ဖြစ်လေ၏။
"ရင့်နင်ချစ်ခြင်းနဲ့တွေ့ဦးမလို့လား .... "
ပန်းနုကမေးလိုက်လေသည်။"ဟုတ်တယ်.... "
"ငါနင့်ကိုလာခေါ်တုန်းက နင်အလုပ်တွေရှုပ်နေတာမဟုတ်ဘူးလား ....
အဲ့ဒီ့အလုပ်တွေကို သွားပြန်လုပ်လိုက်လေ ....
ငါချစ်ခြင်းနဲ့ သွားတွေ့လိုက်မယ်.... "စံမဒီတို့ ချစ်ခြင်းကိုခေါ်တွေ့သည့်အကြောင်း သူမရင့်ကိုသွားပြောတုန်းက ရင့်အလုပ်တွေရှုပ်နေခဲ့တာဖြစ်သည်။
ပြသနာကို သူမပြောလိုက်တော့ ရင့်က သူ့အလုပ်တွေကိုထားခဲ့၍ ချက်ချင်းထလိုက်လာခဲ့တာဖြစ်၏။"ရတယ်မလိုဘူး အဲ့အလုပ်တွေ ငါနောက်မှလုပ်လို့ရတယ်.....
ငါအခုသူနဲ့တွေ့ရမှဖြစ်မယ်.... "ရင့်က ဘာကိုအရေးကြီးမှန်းမသိပါ။ခြေလှမ်းတွေက သွက်လွန်းနေ၏။ ပန်းနုသူ့နောက်ကနေ မှီအောင်လိုက်နေရလေသည်။
ဘန်ဂလိုအိမ်လေးရှေ့သို့ ပန်းနုနဲ့ရင့်ရောက်လာတော့ အိမ်ထဲကနေသွေးသစ်နဲ့မေနန်းက ထွက်လာကြတာနဲ့သွားဆုံ၏။
"ဘာလို့ထွက်လာကြတာလဲ ချစ်ခြင်းရော သူအဆင်ပြေရဲ့လားဟင်.... "
ပန်းနုက သူတို့နှစ်ယောက်ကိုကြည့်၍မေးလိုက်လေသည်။"သူတစ်ယောက်ထဲနေချင်တယ်ဆိုလို့ ငါတို့ထွက်လာပေးတာ ....
အထဲမှာ ချစ်ခြင်း ငိုနေတယ်.... "
မေနန်းက မျက်နှာမကောင်းသလိုသွေးသစ်ကလဲစိတ်တိုနေပုံရသည်။"ငိုနေတယ်ဘာလို့ငိုနေတာလဲ .... "
ရင့်က ချစ်ခြင်းငိုနေတယ်ဆိုတဲ့ စကားကြားတော့ ချက်ချင်းပြန်မေးလေသည်။"ဘာလို့ငိုနေတာလဲလို့မေးဖို့လိုသေးလို့လား ....
အပြောအဆိုလဲခံရသေးတယ်.....
အရိုက်လဲခံရသေးတာကို မငိုလို့ ရယ်နေရမှာလား .... "
ČTEŠ
ငါ မုန်းပါရစေ (Normal)