(U&Z)
"ဘောစ့်မမလေးပန်းနုတို့ရောက်လာကြပါပြီ .... "
မန်နေဂျာကိုထင်လင်းက ရင့်ကို အကြောင်းလာကြားလေ၏။
ရင့်ဘေးမှာ ချစ်ခြင်းလဲရှိနေလေသည်။ ပန်းနုတို့ရောက်လာပြီဆိုတာကိုကြားတော့ ရင့်နဲ့ချစ်ခြင်း တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြ၏။"သူတို့အခုဘယ်မှာလဲ .... "
"သူတို့ကားရောက်ရောက်ချင်းဘောစ့်ကိုအသိလာပေးတာပါ အခုလောက်ဆိုရင်ဒီကိုလိုက်လာ ....
ဟောပြောရင်းနဲ့ ဒီကိုတောင်ရောက်လာကြပြီ ..... "
ဂျာကြီးက ဖွင့်ထားသည့်ပြတင်းပေါက်ကနေ အပြင်ဘက်ကို လှမ်းကြည့်၍ပြောလိုက်လေသည်။ ပြီးတော့ ပန်းနုတို့ကို သူကပဲ အခန်းတံခါးဖွင့်ပေးလိုက်၏။ရင့်တို့ရှိနေသည့်ဘန်ဂလိုအိမ်လေးထဲသို့ ပန်းနုနဲ့ ချစ်ခြင်းသူငယ်ချင်းတွေရောက်လာကြတော့ .....
" ရင့်..... ချစ်ခြင်း ..... "
ပန်းနုက သူ့မောင်နဲ့ မိန်းခလေးတစ်ယောက်ကိုမြင်တာနဲ့ ချစ်ခြင်းဝေဝေပဲဟု သိလိုက်၏။ သူမ,သိသည့်ချစ်ခြင်းနဲ့မျက်နှာလေးကို ခန့်မှန်းကြည့်လိုက်တာပဲဖြစ်သည်။"ချစ်ခြင်း .... "
"ချစ်ခြင်း .... "သွေးသစ်နဲ့မေနန်းကလဲ ချစ်ခြင်းကိုမြင်တော့ပျော်သွားကြလေသည်။ ပြီးတော့ ချစ်ခြင်းဘေးမှယောကျာင်္းတစ်ယောက်ကိုမြင်တော့ ဒါ အလင်းရင့်ရောင်ဆိုတဲ့ တစ်ယောက်မှန်းသူတို့သိလိုက်ကြ၏။ ပန်းနုရင့်ရောင်နဲ့ ရုပ်ချင်းဆင်နေတာပဲမို့။
"ချစ်ခြင်း နင်ကငါသိတဲ့ချစ်ခြင်းဝေဝေမှတ်လား ..... "
ပန်းနုက သူမအနားသို့ရောက်လာခဲ့ကာ ချစ်ခြင်းလက်လေးကိုဆုပ်ကိုင်၍မေး၏။
ချစ်ခြင်းကလဲ မျက်ရည်အချို့နဲ့ အပြုံးယဲ့ယဲ့လေးအချို့နဲ့ ပန်းနုလက်လေးကို ပြန်ဆုပ်ကိုင်ထားရင်းခေါင်းညိတ်မိသည်။"ချစ်ခြင်းရယ်.....
လွန်ခဲ့တဲ့ဆယ်နှစ်ကဘာလို့ငါတို့ကို အသိမပေးပဲ ထွက်သွားခဲ့ရတာလဲဟာ .....
တကယ်ဆို နင်ဒီလိုမလုပ်သင့်ဘူး .....
ငါနင့်ကို အရမ်းလွမ်းနေခဲ့တာ ...... "
VOUS LISEZ
ငါ မုန်းပါရစေ (Normal)