ဘကြီးဝကွမ်းယာဆိုင်က ပြန်လာတော့ အရီးအေးခြံရှေ့ ဖြတ်လျှောက်ရပြန်သည်။ မလှထွေးကတော့ မန်ကျည်းပင်အောက်တွင် ခပ်မှိုင်မှိုင်ထိုင်နေပြီး ဝမ်းနည်နေသည်ထင်။ အံ့မှူးသွင်မှိုင်းကလည်း အရီးအေးတို့ခြံထဲ ငေးကြည့်နေသည့် သူ့ကို ကြည့်ရင်း ...
"ဝင်ဦးမလား"
"အင်း... ဟိုမှာလေ မြို့ကြီးသားကြောင့် လူယုံသတ်ခံရတဲ့လူ"
"ဟေ... လူယုံသတ်တယ်။ ဟုတ်ရောဟုတ်ရဲ့လားဗျာ။ လူသတ်တယ်ဆိုတာ ကောင်းတာမဟုတ်ဘူး"
"ဝေးလိုက်တာ ခင်ဗျားကလည်း မြို့ကြီးသားလို့ မပြောရဘူး။"
သူကတော့ မြို့ကြီးသားကြောင့် ခေါင်းကုတ်ပြီး စက်ဘီးကို ခြံအပြင်၌ ရပ်ကာ ဝင်လာတော့သည်။ မလှထွေးကတော့ သူ့ကို မြင်သည်နှင့် မဲ့ရွဲ့နေတော့၏။
"မလှထွေး အခုထိ ဝမ်းနည်းနေတုန်းလား"
"ဘေဘီတီးရယ် ငါ့ဘာသာ ငါအေးဆေးနေပါရစေ။ နင်ငါ့အနာတွေ လာမဆွစမ်းပါနဲ့"
"အနာလာဆွတာမဟုတ်ဘူး အကြံလာပေးတာပါ"
"နင်မွှေမှာ ငါသိတယ် ပြန်တော့"
"မင်းကလဲဟာ... ဝမ်းနည်မနေပါနဲ့။ သစ္စာမရှိတဲ့လူကြောင့် နင်မျက်ရည်ကျဖို့မတန်ဘူး။ ငကန်းသေရင် ငစွေပေါ်လာလိမ့်မယ်"
"ဟဲ့ ကိုမောင်က ငကန်းမှမဟုတ်တာ"
"မင်းကလည်း ငါက သဘောပြောတာလေ"
မလှထွေးကတော့ သူ့ကို ပေကပ်ကပ်ကြည့်ကြီး မယုံသလိုလိုနှင့် ဖြစ်နေ၏။
"ဟုတ်တာပေါ့ one go two comeတဲ့ "
"ဒီမှာ မြို့ကြီးသား ခင်ဗျား ဘာတွေပြောနေတာလဲ"
"အမ်... "
မလှထွေးဆိုသူနှင့် အညိုကောင်လေးက သူ့ကို နားမလည်သလို လှည့်ကြည့်လာပြီး ပြောမှ သူကလည်း ခေါင်းယမ်းပြတော့၏။
"အဲ့ကြောင့် ငါပြောတာပေါ့ မြို့ကြီးသားတွေက မကောင်းပါဘူးလို့"
"နင်ကလည်း ကိုမောင်က အဲ့လောက်မဟုတ်ပါဘူး"
"ဘာမဟုတ်ရမလဲ။ မင်းသာ ငါ့လိုရွာသားကိုပဲ ကြိုက်ခဲ့ရင် အထားခံရမှာမဟုတ်ဘူး"
YOU ARE READING
မောင်ကြီးစကား မပါယ်လိုငြား
Fantasyမောင်ကြီးစကား၊ မောင်ကြီးသဘော အကုန်လုံး ဘေဘီတီး မပါယ်ပစ်ပါ။