"ဘကြီးဝ"
"အေး ဘာတုန်း တီးတီး"
"ဒီမှာ ဧည့်သည်က ကွမ်းယာတဲ့"
"မိချို...သမီး ဒီမှာ ကွမ်းယာတဲ့ဟေ့"
"လာပြီ လာပြီ ဘကြီး"
"ထိုင်ပါဦး မောင်ရင်"
ဘကြီးသည် အံ့မှူးသွင်မှိုင်းကို ကြည့်ပြီး ဆိုင်ရှေ့သစ်ပင်အောက်က ကွပ်ပစ်၌ ထိုင်ခိုင်းသည်။ ဘေဘီကတော့ ခေါ်စရာမလို သူ့ဘာသာ ရေနွေးတောင်ငှဲ့နေပြီဖြစ်သည်။ ရေနွေးခွက်ကို အံ့မှူးအရှေ့တွင်တိုးပေးပြီး ဆေးတံဖွာနေသည့် ဘကြီးနှင့် စကားးစမြည်းတော့၏။
"ဘကြီး ဒီနှစ်ဘုရားပွဲက လွှတ်စည်တယ်နော်"
"အေးကွ စည်ဆို မန္တလေးက ဧည့်သည်တွေများသကိုး"
"ဟုတ်တယ် ကျုပ်အိမ်မှာ တည်းတဲ့လူတောင် အစိပ်ရှိတယ်"
"ဒါနဲ့ မောင်ရင်က မန္တလေးကပဲလား။ ဘယ်သူ့အမျိုးလဲတုန်း မောင်ရင့်မိဘတွေ ဘယ်သူတုန်း"
"ကျွန်တော်က မန္တလေးသားပါပဲ။ ကျွန်တော့်မိဘတွေကို ဘကြီးမသိလောက်ဘူး။ "
"အိမ်း... မောင်ရင်က ဒေါ်စိန်ခင်ထားအိမ်မှာတည်းတာမလား။ တီးတီးအဖေရဲ့အမျိုးဆိုရင် ကျုပ်သိတာပေါ့"
"အဖိုးက ဦးရန်မှူးသွင်ပါ ဘကြီးနဲ့ အသက်တူလောက်ပဲဗျ"
"အော်... ရန်မှူးရဲ့မြေးလား။ နေပါဦး တစ်ဦးတည်းသောမြေးယောက်ျားလေးဆိုတဲ့တစ်ယောက်လား"
"ဟုတ်ပါတယ် အဖိုးမြေးက ကျွန်တော်တစ်ယောက်ပဲရှိတာပါ။"
ဘကြီးဝက ကွမ်းတမြုံ့မြုံ့ဝါးလိုက်၊ ဆေးတံဖွာလိုက်နှင့် စကားဆက်လို့မပြီးနိုင်။ ကွမ်းယာနေသည့် မိဆိုကိုတော့ ဘေဘီက မျက်စောင်းနှင့် ကြိမ်းလိုက်၊ လက်သီးဆုပ်နှင့်ရွယ်လိုက်နှင့် အလုပ်များနေသည်။ မိချိုကလည်း မြို့ကလာသည့် ဧည့်သည်ဆိုလျှင် ချစ်သူတော်ချင်တာနှင့် ရွပိုးကမသေနိုင် ဖြစ်နေ၏။
"နာမည်ကြားလိုက်ကတည်းက ထင်တော့ထင်ပါတယ်။ ရန်မှူးနဲ့ ဘကြီးက ခင်တယ်။ မန္တလေးရောက်တိုင်း မောင်ရင့်အဖိုးဆီ တည်းနေကျပဲ။ "
YOU ARE READING
မောင်ကြီးစကား မပါယ်လိုငြား
Fantasyမောင်ကြီးစကား၊ မောင်ကြီးသဘော အကုန်လုံး ဘေဘီတီး မပါယ်ပစ်ပါ။