လေပြေများက သူဝတ်ဆင်ထားသည့် အဝတ်ကို တိုးဝေ့ပြီး နဖူးထက်က ဆံနွယ်ကိုလည်း လွင့်ထွက်စေ၏။ ရွာအရှေ့ဘက်က ထန်းတောသို့ သူရောက်ရှိနေတာဖြစ်သည်။ ဒီအချိန်မှာပဲ ဒယ်ဒီ့ဆီက ဖုန်းအချိန်ကိုက်မြည်လာသည်။"ဒယ်ဒီ"
"ငါ့သား ဘယ်တော့ပြန်လာမလဲ။ ဒီမှာ သားအလုပ်တွေပုံနေပြီ"
"မနက်ဖြန်မဟုတ်ရင် နောက်ထပ်နှစ်ရက်ပေါ့ ဒယ်ဒီ"
"အမြန်ဆုံးပြန်လာခဲ့ beachက Hotelတွေ သားကိုယ်တိုင်သွားလေ့လာရဦးမယ်။ ဒယ်ဒီပြောတာ နားလည်တယ်နော်"
"စိတ်ချပါ ဒယ်ဒီ"
"စိတ်ချပါ မလုပ်နဲ့ "
"ဟင်း ... ဟုတ်ပါပြီ မနက်ဖြန်ပဲ ပြန်လာခဲ့ပါ့မယ်။ အံ့မှုးသွင်းမှိုင်းနော် တစ်ဦးတည်းသော မြေးဖြစ်ရတာမလွယ်ဘူး။ ဒယ်ဒီ့အလုပ်မကဘဲ အဖိုးရဲ့အလုပ်တွေကအစ အကုန် မင်းခေါင်းပေါ်အကုန်ကျနေတယ်"
"ဒီမှာသား ညည်းတွားမနေနဲ့ ဒီအလုပ်တွေ သားမလုပ်ရင် ဘယ်သူလုပ်မလဲ။ နောက်ဆုံး သားပဲရမယ့် အမွေတွေပဲ။ "
"ဟုတ်ကဲ့ပါ မနက်ဖြန်ပြန်လာခဲ့မယ်။ ဘာမှာဦးမလဲ"
"မှာစရာကတော့ အိမ်ကိုတန်းတန်းပြန်လာ။ မင်းရုံးခန်းမှာ ဖိုင်စာရွက်တွေ တန်းစီနေပြီ။ ပြီးတော့ မြို့ထဲက Hotelတွေ၊ ပြင်ဦးလွင်၊ကလော၊ငွေဆောင်၊ချောင်းသာ၊ငပလီနဲ့ လွိုင်ကော်က Hotelတွေ ကွင်းဆင်းရဦးမယ်ဆိုတာ မမေ့နဲ့"
ဒယ်ဒီက သူ့ကိုအလုပ်အကြောင်းကြိုပြောထားပြီး ဖုန်းချလိုက်သည်။ မျိုးရိုးစဥ်ဆက် Hotelဆောက်ပြီး ချမ်းချမ်းသာသာနှင့် နေလာသည့် မိသားစုဖြစ်သည်။ ဦးရန်မှူးသွင်ရဲ့ တစ်ဦးတည်းသောမြေးဖြစ်၍ Hotelနှင့် ပတ်သတ်သမျှအလုပ်ကို သူပဲဦးဆောင်ကာ လုပ်နေရ၏။
"အကို ထန်းရည်သောက်သွားပါဦး"
"နေပါစေ မသောက်တော့ဘူး။ အိမ်အပြန်လက်ဆောင် ဆယ်လုံးလောက်လုပ်ပေးပါဦး"
"ရတယ်ဗျ ထန်းဦးရေရော ယူမလား"
"အင်း မျှထည့်ပေးလိုက်"
"ဒါနဲ့ အကိုက ပြန်တော့မလို့လား။ မနက်ဖြန်မှ လပြည့်မှာလေ ဆွမ်းဆန်စိမ်း လောင်းကြမှာ"
YOU ARE READING
မောင်ကြီးစကား မပါယ်လိုငြား
Fantasyမောင်ကြီးစကား၊ မောင်ကြီးသဘော အကုန်လုံး ဘေဘီတီး မပါယ်ပစ်ပါ။