"ဟဲ့ ငါ့အဆင်လေးက ပိုလှပါတယ်"
"အော်... ညည်းကလည်း ပြောတော့မယ်။ ညည်းအဆင်က နွားချီးကို သုတ်လိမ်းထားသလိုပဲ။ ငါ့အဆင်ကမှ ပိုလှတာ"
"ခင်မိုးဆွေ နင်နော်"
"ဟဲ့ မိနု ငါပြောတာမှားလို့လား"
ဒေါ်ခင်ခင်ကြီး အပ်ချုပ်ဆိုင်ကနေ ပြန်လာသည့် ခင်မိုးနှင့်မိနုနှစ်ယောက် အင်္ကျီအားကြည့်ပြီး သူ့ဟာပိုလှသည်၊ငါ့ဟာပိုလှသည်ဆိုပြီး စကားများကြ၏။
"ဟဲ့ မင်းတို့က ဘာဖြစ်ကြတာတုန်း"
"ဘာဖြစ်ရမလဲ ဘေဘီတီးရယ်။ ကြည့်ပါလား ငါ့အဆင်က စိမ်းနုလေးနဲ့ လှတယ်လို့ပြောတာကို သူက နွားချီးသုတ်ထားသလိုပဲတဲ့"
"အေးဟာ... ခင်မိုး မင်းဟာလေ တစ်ရွာတည်းသားချင်းကို ဒီလောက်ပြောစရာမလိုပါဘူး။ "
"အေးပါဟယ် ပါလေရာ ငါးပိချက် ဘေဘီတီးရယ်။ မပြောတော့ပါဘူး"
ထိုအခါမှ ဘေဘီတီးတစ်ယောက် ဆရာလုပ်လိုက်ရသည့် မျက်နှာထားနှင့် ပြုံးကာ ကျေနပ်တော့၏။
" ငါ့အဆင် လှပါတယ်နော် ဘေဘီတီး"
"အင်း မဆိုးပါဘူး။ နနွင်းမှုန့် ရေဖျော်ထားတဲ့အတိုင်းပဲ"
"ဟဲ့ နင်ကလည်း ပြောတော့မယ်။ လှတယ်ပြောရင် သေသွားမှာဆိုးလို့လား"
"မင်းကလည်းနနွင်းက ဘာအရောင်းတုန်းဟ"
"အဝါရောင်လေ"
"ဒါပဲလေ... ငါပြောတာမှားလား"
"ဟွန့်... ဘေဘီတီးတို့ကတော့ ပြောလိုက်ရင် ဒီလိုလေသံနဲ့ပဲ။ဒါနဲ့ နင့်ကို ပြောရဦးမယ်။ နင်ငါ့အစ်မ ခင်ခင်သူရဲ့ အကြွေးတွေ လာဆပ်တော့တဲ့"
"အေးပါ... ငါမအားလို့ မလာဖြစ်သေးတာပါ။ ငါဆပ်မှာပါ မင်းတို့ကလည်း တဆွေတမျိုးလုံး တွေ့လိုက်ရင် အကြွေးတောင်းမယ်ဆိုတာကြီးပဲ"
ဘေဘီတီးတစ်ယောက် ကြက်ဥဖိုး တောင်းခံရသောကြောင့် ရွာသူတို့အရှေ့ကနေ မြန်မြန်လစ်ထွက်လာတော့၏။ ရွာရဲ့ဘုရားပွဲကလည်း စည်ကားလွန်းသည့် အတွက် မြို့ကဧည့်သည်တွေကလည်း မနည်းမနှော။ ဒီလိုအချိန်မျိုးတွေဆို ဘေဘီတီးအတွက် ပျော်စရာအချိန်အခါဖြစ်သည်။
YOU ARE READING
မောင်ကြီးစကား မပါယ်လိုငြား
Fantasyမောင်ကြီးစကား၊ မောင်ကြီးသဘော အကုန်လုံး ဘေဘီတီး မပါယ်ပစ်ပါ။