7

2.6K 268 3
                                    

လက်ပံပင်ပေါ်၌ နားနေသည့် ဥသြငှက်က ရွာဖက်ကို မျက်နှာမူပြီး လွမ်းလွမ်းဆွေးဆွေး ကူနေသည်။ နေကပူပူ ရွာမြေနီလမ်းအတိုင်း ဘေဘီတီးတစ်ယောက် အသည်းအသန်ပြေးလာနေသည်။ သူ့အနောက်၌ ဖုန်အလိမ်းလိမ်းနှင့် လိုက်လာနေတာက ငွေတိုးတို့အုပ်စုပင်ဖြစ်၏။

"ဟိတ်ကောင် ငတီး ငါ့လက်ကလွှတ်မယ်လို့ထင်နေလား"

"ဂလွမ်း!"

"အမလေ! ငါ့ဟင်းတွေ ကုန်ပါပြီ တီးတီးရယ် ဘာဖြစ်တာလဲ အလောတကြီးနဲ့"

"ဟို...ဟို"

ဘေဘီတီးတစ်ယောက် အသက်ကိုလုရှူရင်း စကားပင်မပြောနိုင်ဖြစ်နေချိန် ခင်ခင်သူရဲ့ ဒေါသကိုရင်ဆိုင်လိုက်ရသည်။

"ဟဲ့ နင်မွှေလာပြန်ပြီမလား။ အခု ငါ့ဟင်းတွေ မောက်ကျကုန်ပြီ ဒီနေ့ငါဘာနဲ့ရောင်းရမလဲ"

"မခင်သူ ခဏလေးနေပါဦး အဲ့ဟင်းဖိုး ကျုပ်ပြန်လျော်ပေးပါ့မယ်"

ဘေဘီက ပြေးလာသည့် ငွေတိုးတို့အုပ်စုကို ကြည့်လိုက် ပုန်းစရာနေရာရှာလိုက်နှင့် ကျီးကန်းတောင်းမှောက်ဖြစ်နေသည်။

"ဘေဘီဘာဖြစ်တာလဲ"

"ဟယ် ကိုမြို့သား ဘယ်လာတာလဲ"

ထိုအချိန် သန်းနိုင်ခေါ် သင်းသင်းလှိုင်နှင့်အတူ သူ့ရဲ့ သူငယ်ချင်း ချစ်ဇော် ခေါ် ချစ်ချစ်နော်တို့ ရောက်လာသည်။

"ဟိုမှာ ငတီး မင်းသေဖို့ပြင်ထား"

အားလုံးက ဒေါ်ခင်ခင်ကြီးရဲ့ ထမင်းဆိုင်ရှေ့၌ ဆုံကြသည့်အခါ တစ်ယောက်တစ်ပေါက်နှင့် စကားများကြတော့၏။

"ငတီး မင်းလူလိမ်ကျတာမလား"

"အို...ခင်ဗျားကလဲဗျာ ကျုပ်ကဘာကိုလိမ်ရမတုန်း"

"ဟဲ့...တီးတီး နင်ငါ့ထမင်းဖိုး လျော်ပေးရမယ်။ မဟုတ်ရင် အုပ်ချုပ်ရေးမှူးဆီမှာ သွားရှင်းကြမယ်"

"ဟ...ဟိုကောင်မ ခင်ခင်သူ မင်းကိစ္စအသာထားဦး အခုက ငါတို့နဲ့စာရင်းရှင်းရဦးမယ်"

"အမလေတော်! ငါ့ဟင်းတွေမောက်ကျသွားတာ ငါဘယ်အချိန်တောင်းတောင်းနင့်အပူလား ငွေတိုးကောင်ရဲ့"

မောင်ကြီးစကား မပါယ်လိုငြားWhere stories live. Discover now