"ခင်ဗျား လာပြန်ပြီလား"
ဧည့်ခန်း၌ သူ့အားထိုင်စောင့်နေသည့် လူတစ်ယောက်ကို မြင်သည့်အခါ အားမနာလျှာမကျိုးနှင့် ပြောလိုက်သည်။ အမေကတော့ ထိုသို့ပြုမူနေတာကို မကြိုက်ချေ။
"ဒီတစ်ခါ မင်းကို မန္တလေးခေါ်သွားမလို့"
'ကျုပ်မလိုက်ဘူး"
"မလိုက်လို့မရဘူး ဘေဘီတီး အမေကတော့ ဆုံးဖြတ်လိုက်ပြီ။ ညည်းဒီမှာနေရင် ပေတေတေနဲ့ဆက်လေလွင့်မှာ သိလို့ မြို့ကိုပို့လိုက်တာ"
"ဟာ အမေ ကျုပ်အမေနဲ့မခွဲနိုင်ဘူးနော်"
"ဆင်ခြင်တွေ မပေးနဲ့ ဘေဘီတီး ဒီရွာမှာ တစ်လလောက်ဆက်နေရင် ကျုပ်လယ်ယာတွေ ပြောင်ကုန်လိမ့်မယ်"
"အမေ ကျုပ်လိမ်မာပါ့မယ်"
"တော်တိတ်! သွားဆိုသွား"
အမေက ထိုမြို့သားကို ဘယ်လောက်ယုံကြည်နေမှန်းလည်းမသိဘူး။ သူ့ကို တစ်ချက်လွှတ်အမိန့်နှင့် နှင်လွှတ်နေ၏။
"ကဲ သားအံ့မှူး ရအောင်သာခေါ်သွားတော့ အိမ်မှာနေရင်လည်း ဘာတစ်ခုမှ သုံးစားလို့မရဘူး။ ဟိုရောက်ရင် သူ့ကို ထားချင်သလိုထားလိုက်"
"အမေ... ကျုပ်က အမေ့သားအရင်းနော်"
"ညည်းလျှာမရှည်နဲ့"
အမေကထရပ်ပြီး သူ့အထုပ်ကို လာချပေးသည်။ မြို့သားကတော့ သူ့လက်မောင်းကနေ ဆွဲပြီး ကားပေါ်ဆွဲခေါ်လာတော့၏။
"အမေ ကျုပ်မလိုက်ဘူးလို့။ ကျုပ်ကို မထည့်လိုက်ပါနဲ့ ရွာမှာပဲ လိမ်လိမ်မာမာနေပါ့မယ်နော်"
အမေက သူ့အထုပ်ကိုဆွဲပြီး ကားအထိ စိတ်ချလက်ချလိုက်ပို့နေသည်။ မြို့သားကတော့ အမေ့ကိုနူတ်ဆက်ပြီး ကားထဲပြန်ဝင်ထိုင်၏။ သူကတော့ ထွက်ပြေးချင်ပါလျက်နှင့် ကားတံခါးကြီးကို မဖွင့်တတ်တော့ ကားမှန်အား ပုတ်ပြီး မြို့သားနှင့် ထည့်မပေးဖို့ ငိုယိုကာ အမေ့ကို တောင်းဆိုနေတော့၏။
"အမေ..."
"ဟိုမှာ လိမ်လိမ်မာမာနေရင် ရွာပြန်လာရမယ်။ "
"သွားပြီ အန်တီ"
"အေးကွယ် ဂရုစိုက်သွားကြ"
YOU ARE READING
မောင်ကြီးစကား မပါယ်လိုငြား
Fantasyမောင်ကြီးစကား၊ မောင်ကြီးသဘော အကုန်လုံး ဘေဘီတီး မပါယ်ပစ်ပါ။