《1》

4K 118 11
                                    

.
Ting Tong

Ting Tong

Ting Tong
.
နတ်ဘုရားတွေရဲ့ ကျောင်းတော်ကြီး...🏰...
.
အချက်ပေး နာရီကြီးက ..
နာရီစင်ပေါ်ကနေ...ည သန်းခေါင်ယံ အချိန်ဖြစ်တဲ့..(12:00)🕛နာရီ..ထိုးနေပြီဖြစ်ကြောင်း..အချက်ပေးလာသည်။
.
နတ်ဘုရားတွေရဲ့..စည်းမျဉ်းစည်းကမ်းတွေကို...အသက်အရွယ် အစဉ်လိုက်...စောင့်ထိန်းလာခဲ့တာ..အခုဆို.. အလှည့်ကျရ
လာတဲ့..အငယ်ဆုံး နတ်ဘုရားဖြစ်တဲ့...Alice အလှည့်ပါ...။
.
နတ်ဘုရား Alice ဟာ အရမ်းဆိုးပြီး ကြမ်းကြုတ်လွန်းသည်။..
တခြား နတ်ဘုရားတွေနဲ့မတူဘဲ သူ့ကို ကိုးကွယ်တဲ့ လူတွေကို ခနခန ဒုက္ခပေးသည်။..
ဘာလို့လဲ ဆိုတော့...
သူက အမှားမခံနိုင်တဲ့ နတ်ဘုရားဖြစ်နေလို့ပါ...
.
ညစဉ်ညတိုင်း ..သန်းခေါင်ယံ အချိန်တွေမှာတော့...နတ်ဘုရား Alice. ..ဟာ
လူတို့ရွာ..လူ့ကမ္ဘာကြီးဆီ အလည်လာခဲ့သည်။
.
■■■■■■■■■■■■■■
.................................................
.
ရှေးဟောင်း..အဆောက်အအုံပမာ...လူ(၂)ရပ်အကျော်လောက်..မြင့်တဲ့ တံတိုင်းကြီးရဲ့ အတွင်းဘက်မှာ...
အရင်တစ်ချိန်က..
နတ်ဘုရားတွေကို ပူဇော်ပသ..ကိုးကွယ်ယုံကြည်တဲ့.
သူဌေးကတော်ကြီးတစ်ယောက်ရှိသည်။...
သူမရဲ့ မျိုးဆက်ကတော့...
Kim မျိုးဆက်က ဆင်းသက်လာပြီး...
အသက်အရွယ်ကြီးရင့်နေတဲ့ အဘွားတစ်ယောက်ပင် ဖြစ်သည်။
.
Kim မျိုးနွယ်စုရဲ့ အသိုင်းအဝိုင်းတွေမှာ..နတ်ကိုးကွယ်သည့် သူတိုင်းတွင်..သားဦးရတနာတွေနဲ့ နတ်ဘုရားတွေကို...
မိတ်ဆက်ပေးသလို...
.
ကောင်းချီးများလည်း အသနားခံ တောင်းခံကြသည်မှာ..အစဉ်အဆက်..မနည်းတော့ပေ...
.
ယခု နောက်ဆုံးမျိုးဆက်လို့သာ ဆိုရမလား...
Kim မျိုးနွယ်စုမှာ...နောက်ဆုံးအနေနဲ့..
သူဌေးကတော်ကြီး...Mrs Kim ရဲ့ တစ်ဦးတည်းသော သူမသာ...
သားတစ်ဦးသာ ထွန်းကားတော့သည်။
.
သူ့နာမည်ကတော့...
Kim John ဖြစ်သည်။
.
သူသည် လုံးဝ နတ်ဘုရားတွေကို အယုံအကြည်မရှိ...
မကိုးကွယ်...
လူလုပ်ရင် အရာအားလုံး ဖြစ်နိုင်သည်လို့သာ တွေးတောထားတဲ့သူပါ...။
.
ယခုလက်ရှိမှာတော့...
သူဌေးကတော်ကြီးဟာ..ကွယ်လွန်သွားခဲ့လေပြီ...
သားဖြစ်သူ Mr Kim John သာ မိသားစုနဲ့သာ ကျန်တော့သည်။
.
မိခင်ဖြစ်သူ မရှိတော့တဲ့ အချိန်မှာတော့...ထုံးစံအတိုင်း သူဖြစ်ချင်ဆုံး ဆန္ဒဖြစ်တဲ့ နတ်ဘုရားတွေကို..မကိုးကွယ် တော့ဘူးဆိုတဲ့ ဆန္ဒကို အကောင်အထည်ဖေါ်ဖို့ မိခင်ရှိခင်က...
မလွဲသာလိုသာ သူကိုးကွယ် ခဲ့သည်။...
သူ့မိခင်ကလည်း သူမမရှိတော့ရင် ဒီနတ်ဘုရားတွေကို ဆက်ကိုးကွယ် ယုံကြည်စေချင်ပေမယ့်...သူလက်ခံဖို့ အစီစဉ်မရှိ...။
.
ဒီအစဉ်လာက Mr Kim ငယ်ငယ်လေးကတည်းက သူ့၏မိဘများက သူ့ကို လူ့ကံသက်တမ်းကုန်တဲ့ အထိ..နတ်ဘုရားတွေထံ အပ်နှံထားတယ်ဆိုတာကို သိသိလျှက်နဲ့ဘဲပေါ့....။
သူ မယုံကြည်တော့ရင် အမှားတွေးလိမ့်မယ်ဆိုတာ သူလုံးဝမတွေးထင်ခဲ့.....
.....................................
အိမ်ကြီးရဲ့ ၀ရံတာ ကျယ်ကြီးပေါ်ရှိတဲ့ စားပွဲဝိုင်းလေးပေါ်မှာ...Mr Kim တို့ ဇနှီးမောင်နှံ..ညစာ ထိုင်စားနေရင်း...
Mr Kim ထံမှာ တိတ်ဆိတ်ခြင်းကို အရင်ဖြိုခွင်းလိုက်သည်။
.........

မှော်ပြုစား..ခံထားရသော..နှလုံးသား...Where stories live. Discover now