《10》

2K 84 21
                                    

.
☁☁☁...
.
အာကာတစ်ခွင်က...
မိုးကောင်းကင်ကြီး...အုံ့မှိုင်းနေတဲ့ ထုထည်ကြီးက...
တကယ်...သည်းကြီး မည်းကြီး...
ရွာချတော့မယ့်အတိုင်းပင်...။
.
မိုးအုံ့တော့....
စောစောက မြင်နေရတဲ့
အနီးနား ပတ်ဝန်းကျင်တွေမှ ...
အလင်းရောင်တွေလည်း...တဖြည်း...ဖြည်း..အားနည်းလာသည်။
.
မှောင်နေတဲ့ ပတ်ဝန်းကျင်ကို...အံတုပြီး...
ကြင်စဦး စုံတွဲ တစ်တွဲက...
လက်ချင်းချိတ်ပြီး...
Lice ရဲ့ လက်မောင်းပေါ်ကို Jenက ခေါင်းမှီရင်းနဲ့...အပြုံးမပျက် လမ်းလျှောက်နေကြသည်။
.
ခွဲခွာခြင်းနဲ့ ကွေ့ကွင်းရပြီမို့...ပျော်ရွှင်နေကြတဲ့ သူတို့ နှစ်ယောက်အပေါ်ကို မိုးဖွဲလေးတွေက စတင်ပြီး မြေပြင်ပေါ်သို့ ကျဆင်းလာခဲ့သည်။...
သူတို့နှစ်ယောက်ရဲ့ မင်္ဂလာဦးကို ဂုဏ်ပြုပေးတယ်လို့ ထင်ရမလို အေးချမ်းခြင်းတွေနဲ့...
ချီးမြင့်လေသည်။
.
နှစ်ယောက်လုံးက ကိုယ်တစ်ခု ၀တ်တစ်ထည် နဲ့သာ ဖြစ်နေတော့...သူ့လက်ဖဝါးလေးနဲ့သာ သူမ မျက်နှာလေးကို မိုးဖွဲလေးတွေ...ထိတွေ့ခွင့် မပေးဘဲ...
ကာကွယ်ထားပေးသည်။..
.
သူ့ရဲ့ ဘာမှဆိုဖွယ်မရှိတဲ့ အပြုအမူက သူမအတွက်တော့ တကယ် တန်ဖိုးဖြတ်လို့မရတဲ့ ဂရုစိုက်လေးလိုဖြစ်နေသည်။
.
ခြေဦးတည့်ရာ လျှောက်သွားနေလိုက်တာ..တဖြည်းဖြည်းနဲ့.. မိုးချုပ်သွားခဲ့သည်။ ..ရွာနေတဲ့မိုးကတော့ မရပ်သေး..
သူတို့နှစ်ယောက်ကတော့...မိုးရေတွေနဲ့ ရွှဲစိုနေလေပြီ...။

"ဦးတို့ နေရာ တစ်နေရာလောက်ရှာ ရမယ် ထင်တယ်..."

"အင် ...ဟုတ်တယ် ဦး
(😖တုန်ရီနေတဲ့အသံဖြင့် ...😵)

"ဦးရဲ့ ကလေး အရမ်းချမ်းနေပြီဘဲ...ဦး ပွေ့ချီသွားပေးမယ်နော်..."

"ဟင်!..ရ..ရပါတယ် ကလေး လျှောက်နိုင်တယ် ဦး အနားမှ ရှိနေတာဘဲ..အို့! အမေ့..."
.

"စကားအရမ်းများတာဘဲ...ဒီလောက် မိုးရေတွေ ထိထားလို့ချမ်းပြီး...ခြေညောင်းမတတ်လျှောက်နေရတာကို... ကိုယ့်ယောကျာ်းကို မချီခိုင်းဘဲ ဘာလို့ လမ်းဘဲ ဇွတ်လျှောက်ချင်နေတာလဲ..."

"......"

Lice ...jen ကို ပွေ့ချီလိုက်ပြီ...မိုးဖွဲလေးတွေကြား လမ်းဆက်လျှောက်လာလိုက်သည်။...
ဒီနေ့မှာတော့....
Jen ရော lice ပါ နှစ်ယောက်လုံး အတိုင်းထက်အလွန်ပျော်နေခဲ့သည်။...
.
"Jennie ရဲ့ယောကျာ်းက ကိုယ့်မိန်းမကို ဒီလောက်ချစ်တာ မသိဘူးလား..jennie. ."
.
"😒ဘာ!..ဘယ်လိုပြောလိုက်လဲ ဦး... ယောကျာ်း ဟုတ်လား..."

မှော်ပြုစား..ခံထားရသော..နှလုံးသား...Where stories live. Discover now