《2》

2.2K 96 6
                                    

.
"ဟျောင့်..ငါ့နောက် ခန လိုက်ခဲ့.."

အနက်ရောင် ၀တ်စုံနဲ့ ခေါင်းစွပ်ကြီးကို စွပ်ထားကာ..ခေါင်းငုံထားတဲ့ လူတစ်ယောက်...
ခေါင်းစွပ်ကို မျက်လုံးတွေ ဖုံးတဲ့အထိ မျက်နှာတစ်ဝက်ရောက်တဲ့အထိ ဖုံးထားတာကြောင့်...
ထိုလူမျက်နှာကို လုံးဝမမြင်ရ...။
.
သူက..Company တစ်ခုမှ မန်နေဂျာ အလုပ်ကို လုပ်ကိုင်တဲ့သူပါ...။
.
ဒီနေ့ညက Company အတွက် သူ့ကိုယ်တိုင် Project တစ်ခုကို ရေးဆွဲထားတာ...သူ့ရဲ့ Company သူဋ္ဌေး သဘောကျပြီး...ဒီProject ကို အကောင်အထည်ဖော်တာ  အောင်မြင်သွားတာကြောင့် ၀န်ထမ်းတွေ အားလုံးနဲ့...အောင်ပွဲခံကြတဲ့ ညပါ...။
.
သူ ဒီနေ့တော့ အိမ်အပြန်နောက်ကျခဲ့ပြီပေါ့...။
.
Company ကနေ...သူ့အိမ်လမ်းထိပ်ထိ..Taxi ဖြစ် ပြန်လာပြီး...အိမ်ရောက်ဖို့..(၁၅)မိနစ်လောက် လမ်းလျှောက်ရသေးသည်။
.
အချိန်က ည(12:15)...မိနစ်ရှိနေပြီမို့...လမ်းမှာ လူသွား လူလာ..လုံးဝကင်းရှင်းနေသည်။
.
အိမ်ရောက်ဖို့ ငါးမိနစ်အလိုမှာ...
သူလုံးဝ မမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်က..သူ့ရှေ့မှာ ပိတ်ရပ်ပြီး...
သူ့ကို အမိန့်ဆန်ဆန် ပြောနေသည်။
.
ပုံမှန် သူ့စိတ် ဘယ်သူခေါ်ခေါ် မလိုက်တာ မှန်ပေမယ့်...
အခုချိန်မှာ ..သူအလွယ်တကူ..ခေါင်းညိတ်ပြလိုက်သည်။
သူ့စိတ်က ဘာဖြစ်သွားမှန်းမသိ...
မှော်ပြုစားသွား သလိုပင်။
.
.
ထိုလူနောက်..သူလိုက်သွားပြီး..နန်းတော်ကြီး သဖွယ် နေရာ တစ်နေရာသို့ ရောက်လာခဲ့သည်။
.
သူဘယ်လို ရောက်လာခဲ့မှန်းမသိ..။
.
ထိုလူနောက် ဆက်လိုက်သွားရင်း...စာကြည့်ခန်းလို့...ရေးထားတဲ့ အခန်းရှေ့ရောက်တော့..သူ့ရှေ့က လူက ရပ်သွားသည်။
သူလည်း ထိုလူရဲ့ ခပ်လှမ်းလှမ်း နေရာမှာ ရပ်လိုက်သည်။..
.
တိတ်ဆိတ်ခြင်းကို ထိုလူကသာ စတင် ဖြိုခွင်းသည်။
.
"မင်းနာမည်..Lice manoban  မဟုတ်လား.."
.
"ဗျာ ကျွန်တော် နာမည် ဘယ်လိုသိ..."

"သိတာပေါ့ ငါက နတ်ဘုရားတစ်ပါးလေ.."

"အော်....

"မင်း နတ်ဘုရားတွေကို အယုံအကြည်ရှိတယ်မလား"

"Nae ကျွန်တော် ယုံကြည်ပါတယ်..."

"မင်းအသက် အခု ဘယ်လောက်လဲ..."

"ကျွန်တော် အသက် အခု (၂၂)နှစ်ပါ..."

မှော်ပြုစား..ခံထားရသော..နှလုံးသား...Where stories live. Discover now