.
စာရေး စားပွဲပေါ်မှာ ခြူသီးလေး(3)လုံးပါတဲ့ ဟန်းချိန်းလေးကို တွေ့တော့
Mrs Kim တစ်ယောက် ခေါင်းမီးတောက်လေပြီ...။
.
မွေးကင်းစကနေ အပျိုပေါက်အရွယ်အထိ တစ်ခါမှ ဖခင်ဖြစ်သူ ဆင်ထားပေးတဲ့ ဒီဟန်းချိန်းလေး မချွတ်ဖူးတဲ့ သမီးဖြစ်သူကို...Mrs Kim တစ်ယောက် အံ့ဩနေမိတာ အမှန်ပင်။..
.
မနက်အစောကြီး အိမ်မှာ အရိပ်ယောင်တောင် မတွေ့ရဘဲ ပျောက်နေတဲ့ သမီးကို အိပ်နေတုန်းဘဲ ထင်ပြီး ခပ်ပေါ့ပေါ့လေး နေနေတာ...မနက်(10:30) နာရီခွဲလောက်တဲ့အထိ အပေါ်ထပ်ကနေ မဆင်းလါတာကြောင့် ..သူမ ကိုယ်တိုင် အခန်းထဲထိ လာရောက် တက်ခေါ်တာပါ..
။
ကုတင်ပေါ်က စောင်တွေကို သေချာသပ်ရပ်စွာ တွေ့လိုက်ရပြီး..သူမ သမီးရဲ့စာရေးစားပွဲပေါ်က မထင်မှန်ထားတဲ့ ပစ္စည်း တစ်ခုကြောင့်...သူမရဲ့ သမီးကို အရမ်းစိတ်ပူသွားတာ အတိုင်းထက်အလွန်ပါ...။
.
ဘာကြောင့်လဲ ဆိုတော့ သူမရဲ့ သမီးက ဘယ်သူနဲ့မှ စကားမပြောနိုင်ဘူးလေ...။
.
Handchain ကို ကိုင်ပြီး အောက်ထပ်က ဧည့်ခန်းစီကို ပြန်ဆင်းလာခဲ့သည်။
.
"ဖေကြီးရေ...ဖေကြီး...ဧည့်ခန်းထဲမှာ သတင်းစာဖတ်နေတဲ့ Mr Kim တစ်ယောက် အပေါ်ထပ်ကနေ.. ပျာယာ ပျာယာ ဆင်းလာပြီး သူ့ကို အော်ခေါ်နေတာကို ကြားတော့...
"ဟေ့...မေကြီး ဘာဖြစ်ရတာလဲ မင်းကလည်း လုပ်လိုက်ရင် အလန့်တကြား..."
"အလန့်တကြား လုပ်မနေနဲ့ ရှင့်သမီး မရှိတော့ဘူး..."
"ဘာ!...ဘယ်လို...ငါ့သမီး အသက်မရှိတော့ဘူး ဟုတ်လား..ဖြစ်ရလေ သမီးလေးရယ်"
"ဘုတ်!😡...ဘုတ်!😡.."
"Wae! မေကြီး ဘာလို့ ရိုက်တာလဲဟ..."
"ရှင် ဘာတွေ လျှောက်ပြောနေတာလဲ နိမိတ်မရှိတဲ့ စကားတွေ..."
"မင်းဘဲ သမီး မရှိတော့ဘူးဆို.."
"အင်လေ ကျွန်မပြောတာက...အခန်းထဲမှာ သမီးမရှိတော့ဘူးလို့ ဒီမှာ ရှင်လုပ်ထားပေးတဲ့ သူ့အတွက် ဟန်းချိန်း..."
"ဟင်! ဟန်းချိန်း ချန်ခဲ့တယ် ဟုတ်လား...သွားရောပေါ့ကွာ..."
"သွားရော လုပ်မနေနဲ့ သမီးလေး ဘယ်သွားလဲဆိုတာ ရှာမှရတော့မယ်..."

YOU ARE READING
မှော်ပြုစား..ခံထားရသော..နှလုံးသား...
Fanfictionလက်ထပ် ထိမ်းမြားခြင်းရဲ့ အနှစ်သာရကတော့.... ချစ်ခြင်းမေတ္တာ... နှင့် ဂရုဏာတရား.... ပွားများဖို့ပါ...။