.ဆေးရုံထဲမှာ lice တစ်ယောက်ကတော့..နီတာယဲလေး တစ်ယောက်နဲ့...တိုင်ပတ်နေသည်။..
..မျှော်လိုက်ရတဲ့...ကလေး အမေက အခုမှ ပြန်ရောက်လာသည်...။"ကျေးဇူးတင်ပါတယ် သားရေ သမီးလေးကို ချီထားပေးလို့..နည်းနည်းလည်းကြာသွားတယ်...Doctor နဲ့ ကလေးရဲ့ ကျန်းမာရေးကို ခနလေးပြောလိုက်လို့ပါ...."
"😌..nae ရပါတယ်ဗျာ...ကလေးကိုသာ ပြန်ချီထားလိုက်ပါ..."
"အေပါကွယ်...သမီးလေးရေ..လာပါအုံး Ommaဆီကို..."
လက်လေးဖြန့်ပြီး Liceဆီက ကလေးကို လှမ်းချီလာသော ကလေးရဲ့မိခင်...။
သူမ လက်ထဲကို...ကလေးရောက်သွားတော့....ကလေးရဲ့ အောက်ပိုင်းအနှီးက စိုနေတာကို သိသွားလို့ထင်သည်။
.
"ဟင်!..သမီးလေး ကိုကြီး အပေါ်ကို...ရှူးပေါက်ချလိုက်တာလား...တောင်းပန်ပါတယ်နော် သား...သားရဲ့အ၀တ်စားတွေ..ကို လှဲလိုက်ပါ..ဒီဆေးရုံ နားမှာ အထည်ဆိုင်တွေ ရှိတယ်..
အန်တီ အ၀တ်စားဖိုးတွေ ထုတ်ပေးပါ့မယ်...""မလိုပါဘူးဗျ..ကလေးကိုသာ..အနှီးအရင် လှဲပေးလိုက်နော်...နောက်တော့... သေချာ ဂရုစိုက်ပြီး ခေါ်ပြန်လိုက်ပါဗျ...ကျွန်တော့်ကိုခွင့်ပြုပါအုံး Doctor နဲ့ တွေ့ဖို့ရှိသေးတာမို့..."
"အော် သားက Doctor နဲ့ တွေ့ဖို့လာတာလား..."
"Nae. .."
" သားကို တကယ်ကျေးဇူးတင်ပါတယ် အခုလိုဖြစ်သွားတာကိုလည်း အားနာပါတယ်..."
"မဟုတ်တာ စိတ်ထဲမထားပါနဲ့...ဒါနဲ့ ကျွန်တော် သွားပြီဗျာ...👋"
Lice လက်ပြနှုတ်ဆက်ပြီး နီတာရဲလေးကို တစ်ချက်ကြည့်သွားသေးသည်..။.ထို့နောက်...ဓာတ်လှေကားနဲ့ ဆေးရုံ အောက်ဆုံးထပ်ကို ပြန်ဆင်းသွားခဲ့ပြီး...
အနီးရှိ အထည်ဆိုင်ထဲကို အမြန်ဝင်သွားလိုက်သည်။
.
Doctor နဲ့ စကားပြောရအုံးမှာဆိုတော့ ခုနက ကလေး ရှူးပေါက်ထားတဲ့ အ၀တ်အစားနဲ့တော့ လုံးဝ အဆင်မပြေဘူးလေ...။
.
Lice သူနဲ့ လိုက်ဖက်မယ့် အ၀တ်အစားတစ်စုံကို အမြန်ရွေးလိုက်ကာ အ၀တ်လှဲခန်းထဲ ၀င်ပြီး ၀တ်လိုက်သည်။..
ကုန်ကျစရိတ်ကို...ရှင်းပြီး ထိုဆိုင်ထဲကနေ ပြန်ထွက်လာလိုက်သည်။
..
...ဆေးရုံဓာတ်လှေကားနဲ့ (13) ထပ်မြောက်ကို ပြန်တက်လာခဲ့ပြီး...သူ့ညီမလေးကို ကုသပေးတဲ့ Doctor နဲ့ သွားတွေ့လိုက်သည်။
.
လိုအပ်တာတွေ အကုန်စီစဉ်ပြီးတော့ သူ့မိခင်က...သူ့ကို အိမ်ပြန်ခိုင်းလိုက်တာမို့ သူပြန်လာလိုက်သည်။
.
.
........................................
ညနေ (4:00) နာရီလောက်ထိုးတော့ lice ဆေးရုံ ကနေ အိမ်သို့ ပြန်လာလိုက်သည်။...
YOU ARE READING
မှော်ပြုစား..ခံထားရသော..နှလုံးသား...
Fanfictionလက်ထပ် ထိမ်းမြားခြင်းရဲ့ အနှစ်သာရကတော့.... ချစ်ခြင်းမေတ္တာ... နှင့် ဂရုဏာတရား.... ပွားများဖို့ပါ...။