《5》

1.4K 87 15
                                    

.
ဒီနေ့တော့...
Company သွားရင်... အပြောင်းအလဲလေးဖြစ်သွားအောင်..
Taxi အစီးတော့ဘဲ Bus ကားစီးကြည့်မယ် ဆိုပြီး.....တွေးမိသွားတော့...Bus ကားမှတ်တိုင်မှာ..Liceတစ်ယောက်...Bus ကားအလာကို ထိုင်စောင့်နေလိုက်သည်။
.
.
"ဟေ့ ကောင်မလေး...လမ်းကို ဘယ်လိုလျှောက်နေတာလဲ မူးနေရင် အိမ်မှာပြန်အိပ်ပါလား...ကားတစ်စီး လုံးလာနေတာ မမြင်ဘူး..ကားနဲ့ တက်မိသွားရင် မင်း အသက်တို သွားလိမ့်မယ်..သိရဲ့လား...တောက်!😡.."

"😳😳.."
.

မင်္ဂလာရှိတဲ့..မနက်စောစောစီးစီး..
လူတွေရဲ့ သည်းခံစိတ်မရှိတဲ့..
ဟိန်းဟောက်သံတွေကို....
ကျက်သရေ မရှိစွာ ကြားလိုက်ရတဲ့ အသံက...lice အတွက်တော့....
အထင်မှတ်ထားတဲ့ မိန်းမပျိုလေူ တစ်ယောက်ကို မတွေ့လိုက်ရဘူးဆိုရင်...
Lice လည်း ဒီအသံကို ကျက်သရေ မရှိဘူးလို့သာ သတ်မှတ်မိမှာ အမှန်ပါ...။

အခုတော့...

"ဟင်! မိန်း မိန်းမချောလေး..."

Lice နှုတ်ကနေ တိုးတိုးလေး ရွတ်မိသွားသည်။
.
Bus ကားလည်း သူ့ရှေ့မှာ ဆိုက်နေပြီမို့ lice ထိုင်နေရာမှ ထလိုက်သည်။...
.
Bus ကားလွန်သွားတော့...lice ..ထိုမိန်းချောနောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်သည်။

(😆ဦး lice bus ကပေါ်မတက်ဘဲ..ပိစိလေး နောက် လိုက်သွားမှာတဲ့လား..သူများတွေ မသိရင်...ဗြောင်ထယ်ကြီးလို့..ထင်ကြလိမ့်မယ်...ဦးlice .ရယ်...😂)...
.
.
စောင့်မျှော်နေရတဲ့ နှစ်တွေကြာခဲ့ပြီမို့ ဒီလိုလေး မထင်မှတ်ဘဲ ရုတ်တရက် တွေ့လိုက်ရတော့ ...
ရင်ဘတ်ထဲက...
ရင်ခုန်နှုန်းတွေလည်း နှိမ့်ချီ မြင့်ချီနဲ့...စည်းချက်က လုံးဝမညီ.. အလုပ်သွားတဲ့ လက်ဆွဲအိတ်ကို လက်မှာ တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး..ပိစိလေးရှိရာသို့ လျှောက်သွားနေတုန်း...
.
"ခါးပိုက်နှိုက်ဗျို့..ခါးပိုက်နှိုက်.."

လူတစ်အုပ်က ခါးပိုက်နှိုက်လို့ အော်ပြီး တုတ်ဆွဲ ဓားဆွဲ လာတာကို မြင်သွားတဲ့ ထိုပိစိလေး..ကြောက်သွားတယ် ထင်သည် တချိုးတည်း ပြေးပါလေတော့သည်။...
.
Lice လည်း အဓိက သူမကို ရှာနေတာကြောင့်..ထို လူအုပ်ကြီးကို ဂရုမစိုက်နိုင်တော့ဘဲ...သူရဲ့မနောက်ကိုသာ အဆက်မပြတ်လိုက်နေခဲ့သည်။
.
အပြင်မှာ တွေ့ဖူးချင်ခဲ့တာ...
စောင့်မျှော်လိုက်ရတာ (15)နှစ်တောင် ကျော်ခဲ့ပီလေ...
ဒီအခွင့်ရေးကိုတော့ လက်လွှတ်မခံနိုင်..သူ မျှော်နေတဲ့ မိန်းမချော ဟုတ်မဟုတ်တော့ အတည်ပြုမှ ရတော့မှာပါ...
သူမရဲ့ ဖြစ်တည်မှုက...
Lice အထင်... မှော်ဆန်ဆန်...ဒါမှ မဟုတ်...
ဂမ္ဘီရဆန်လွန်းသည်။
.
အိမ်မက်ထဲမှာသာ...တွေ့ခွင့်ရှိသည်။....ဒီတစ်ခါ...အခု လက်တွေ့..ဆုံနေရတော့...
လုံးဝ လက်မလျှော့သင့်...မဟုတ်ရင် lice တစ်ယောက် နေမြင့်လေ...အရူးရင့်လေ ဖြစ်တော့မှာလေ...
.
.
Lice သူမရဲ့ ခြေတံတိုလေးတွေကို lice ရဲ့ခြေတံရှည်တွေနဲ့ အမြန်ပြေးလိုက်ရင်း...သူမရဲ့ ဘေးချင်းကပ် အနီးဆုံးကို ရောက်လာတော့ သူမရဲ့ လက်ကို ရဲရင့်စွာ လှမ်းပြီး ဆုပ်ကိုင်ထားလိုက်သည်။
.
ဘယ်လောက်ကြောက်နေမှန်း မသိ သူမလေးရဲ့ လက်ဖဝါးလေးတွေက..ပြေးလွှားနေရင်းနဲ့တောင် အေးစက်နေသည်။.
.
Lice ...သူမလက်ကို တွဲပြီး အရှေ့ကနေ လမ်းပြကာ..လမ်းကွေ့ တစ်ခုတည်း ချိုးဝင်လိုက်သည်။...
.
ထို..လမ်းကြားထဲရောက်တော့...
.
Kiss ဆွဲနေတဲ့ Rs နှစ်တွဲကို တွေ့လိုက်ရသည်။
.
သူမကို ကြည့်လိုက်တော့ ဇောချွေးတွေ ပြန်ပြီး...ကြောက်နေတဲ့ မျက်ဝန်းတွေနဲ့ ဒူးခေါင်းလေးတွေကပါ တုန်ရီချင်လာသည်။.
.
ထိုစဉ်
....
"ဒီလမ်းကြားထဲဘဲ...၀င်သွားတာ.."

မှော်ပြုစား..ခံထားရသော..နှလုံးသား...Where stories live. Discover now