.
"အချစ်ဆိုတာ..ပူလောင်တယ်..သမီးလေးရဲ့...""........."
💭ဟင်အင်း...Jen မယုံဘူး..Appa လိမ်တာ...ဦး က jen အပေါ်ချစ်တဲ့ အချစ်က အေးမြပြီးသားပါ...jen သိနေတယ်...jen ဦးကိုယုံတယ်...💭
Jen တစ်ယောက် အတွေးထဲကနေ ဖခင်ဖြစ်သူကို ပြန်ငြင်းဆိုနေမိသည်။...
.
ဒီအချိန်မှာ သူမ စကားအရမ်း ပြောချင်တဲ့ အချိန်ပါ...သူမ ချစ်ရသူအတွက်...အနည်းဆုံးတော့...appa နားလည်တဲ့အထိ...ပြောပေးချင်သည်။...
.
ရင်ထဲက ဖြစ်ချင်လှတဲ့ ဆန္ဒတွေက အပြင်ကို ပြောထွက်မရတော့....
ရင်ဘတ်တစ်ခုလုံး တင်းကြပ်လာသလို...ခံစားရခက်လာသည်။...
ပါးပြင်ပေါ်က စီးဆင်းလာတဲ့ မျက်ရည်ပူများ လက်ဖမိုးနဲ့ သုတ်လိုက်သည်။...
ပြောချင်စကားလုံးလေးတွေကလည်း လည်ချောင်းဝ၌သာ ဆို့နစ်နေတာရယ်...
ညက ဘယ်သူမှမသိအောင် အဖျားကြီးထားတဲ့ အရှိန်ကြောင့်..
Jen ခမျာ ရပ်နေတဲ့ ခြေထောက်တွေက မခိုင်တော့ဘဲ ယိုင်နဲ့သွားလေသည်။..
.
Mr Kim က အမြန်ပြေးထိန်းလိုက်ပြီး..
.
"သမီးလေး...သမီး...ဟာ! ကိုယ်တွေ အရမ်းပူနေပါလား...ဒီလောက်တောင် ကိုယ်တွေ ပူကျစ်တောက်နေတာ...ဘာလို့..အဲ့ကောင်နောက် လိုက်သွားချင်သေးလဲ...""........"
"ခနလေး...Appa သမီး အခန်းထဲကို ပွေ့သွားပေးမယ်..."
Jen ရဲ့ အခန်းထဲထိ ပွေ့သွားပေးပြီး ကုတင်ပေါ် ဖြေးညင်းစွာချပေးလိုက်သည်။.
.
"ဖေကြီးရေ ဖေကြီး....Mrs Kim တစ်ယောက် စိတ်ပူနေတဲ့ မျက်ဝန်းတွေနဲ့ သမီးဖြစ်သူအခန်းထဲ ရောက်လာလေသည်။...
.
"ဘာဖြစ်လာရပြန်တာလဲ...ဒီမှာ သမီးက ကိုယ်တွေ အရမ်းပူနေတာ...""ဟုတ်လား...Family doctor ကို ဖုန်းမခေါ်ထားဘူးလား"
"အခုဘဲ ခေါ်မှာ..."
"ကောင်းတယ် မြန်မြန်ခေါ်လိုက်.."
Mr Kim က Family doctor ကို ဖုန်းဆက်ပြီးတော့ သူ့ဇနီးဘက်ကို လှည့်လာကာ..
"ခနနေ Doctor က ရောက်လာလိမ့်မယ်..ဒါနဲ့ မေကြီး ခုနက ဘာဖြစ်လာတာလဲ..."
"သမီး အခန်းထဲကို...
"ဟုတ်တယ် ကိုယ် မြေအောက်ခန်းထဲမှာ ပို့ထားလိုက်ပြီ..."
YOU ARE READING
မှော်ပြုစား..ခံထားရသော..နှလုံးသား...
Fanfictionလက်ထပ် ထိမ်းမြားခြင်းရဲ့ အနှစ်သာရကတော့.... ချစ်ခြင်းမေတ္တာ... နှင့် ဂရုဏာတရား.... ပွားများဖို့ပါ...။