Part 2

1.3K 128 6
                                    

နောက် သုံး နှစ်လောက်ကြာတော့ မထင်မှတ်ပဲ ဂျီနီးနဲ့ပြန်ဆုံခဲ့သည်။

အဲ့ဒီအချိန်မှာ သူသည် ဆိုးလ်တက္ကသိုလ်တွက် ဓာတုဗေဒက မဟာတန်း ဒုတိယနှစ်ကျောင်းသားဖြစ်ပြီး ဂျီနီးကတော့ နိုင်ငံခြားဘာသာတက္ကသိုလ်မှာ ဂျာမနီဘာသာ ပထမနှစ်တက်နေသည့် ကျောင်းသူဖြစ်သည်။

ဂျီနီးနဲ့တစ်တန်းတည်းတက်သည့်" Yoomi " ဆိုသည့် ကျောင်းသူ လှလှလေးကို computer သင်တန်းမှာ တွေ့ရင်း စွဲလမ်းမိလေသည်။ ထို့နောက် ကျောင်းရှေ့မှာ လာစောင့်ရင်း ဂျီနီးနဲ့ဆုံလေသည်။

ငယ်ငယ်ကလို မည်းမည်းပိန်ပိန်လေးလေးဖြစ်နေသော်လည်း ဂျီနီးကို ဂျောင်ကု ချက်ချင်းမှတ်မိပါသည်..ဂျီနီးကလည်း မှတ်မိသည်။

နောက်ပိုင်းဂျောင်ကု အကူအညီတောင်း၍  ယိုမီအား စာပေးခိုင်းတာတွေ ဘာတွေတောင်လုပ်သေးသည် ။

သို့သော်အဆင်မပြေပါ

နောက်ဆုံး ယိုမီကဆေးကျောင်းသားတစ်ဦး နှင့် အတွဲဖစ်သွားမှ ဂျောင်ကုလက်လျှော့လိုက်ပါသည် ။ အဲ့ဒီနောက်ပိုင်း နိုင်ငံခြားဘာသာတက္ကသိုလ်ကို မရောက်ဖြစ်တော့သဖြင့် ဂျီနီး နဲ့မဆုံဖြစ်ပေ...သို့ပေမဲ့ နောက်တစ်လလောက်လည်း ကြာရော ဂျီနီးတစ်ယောက် ဂျောင်ကု အဆောင်ရှေ့တွင်ကုတ်ချောင်း ကုတ်ချောင်းလုပ်နေလေသည် ။

ထိုသည်ကို ဂျောင်ကုကမြင်လေတော့...

"ရုပ်ဆိုးမ နင်ဘာလာလုပ်တာလဲ နင့်ကျောင်းမဟုတ်ဘူးလေ " လို့ပြောတော့

" နင်ကလည်း ငါ့ကျောင်းမဟုတ်လည်း ငါက မလာရတော့ဘူးလား "

ဒါလည်း ဂျီနီးပြောတာမှန်တာပဲလို့ စိတ်ထဲတွေးမိသေးသည် ။

"သူများကျောင်းလည်း လာသေးတယ် ကြီးကြီးကျယ်ကျယ်နဲ့..နေပါဦး ငါ့ အတန်းရှေ့ ဘာလာ လုပ်တာလဲ "

"ဟို ငါ ငါလေ ငါ အဲ "

ပြောစရာရှိတာ ကိုမပြောပဲ အင်တင်တင် လုပ်နေတော့ ဂျောင်ကုစိတ်မရှည် သလိုဖြစ်လာလေသည်။

" ဟ ပြောမှာဖြင့်လည်း မြန်မြန်ပြော အာရုံနောက်တယ် အတန်းလည်း တက်ရဦးမယ် ... မဟုတ်ရင် ငါ သွားပြီ " ဟု ပြောပြောဆိုဆိုပင် အတန်းထဲ ဝင်ရန်ခြေလှမ်းလိုက်တော့...

- Forgotten Truths -Where stories live. Discover now