Part 3 ( 2 )

1.1K 126 9
                                    

ဂျောင်ကုတစ်ယောက် စိတ်ပူနေဟန်ပြသည်ကို ဆော့ဂျင်က ရိပ်မိတော့

"ဟေ့ကောင်အရမ်းတွေးမနေနဲ့ မန်နေဂျာက ဖော်ရွေပါတယ်ကွာ"

"ကျွန်တော်ကတော့ စိုးရိမ်တယ် ကိုယ့်ထက်ငယ်တဲ့သူက ပြန်ပြီးအမိန့်ပေးမှာဆိုတော့ နည်းနည်းတော့ လန့်တာပေါ့အကိုရာ"

"ငါပြောပြမယ် သူက အပိုမပြောတတ်ဘူး အလုပ်ပဲ ကျုံးလုပ်နေတာ၊ဘယ်သူကိုမှလည်းသိပ်မဆူပါဘူး သူဆူစရာလည်း မလိုဘူးလေ။ သူ့မှာတစ်ခုတော့ရှိတယ်ကွာ သူပြုံးပြီး တစ်ခုခုပြောလိုက်ရင် အားလုံးက ယောကျာ်းလေးရော မိန်းကလေးရော စိတ်ရောကိုယ်ပါ လုပ်ပေးတတ်ကြတယ် "

ဂျောင်ကု မျက်ခုံးပင့်ကြည့်သည် ။

"ကိုယ်တိုင်မြင်မှ သိလိမ့်မယ် ငါ့ညီ ရုံးခန်းထဲမှာ ရှိတဲ့ လူပျို အပျိုတိုင်းက သူ့ကို ကြည့်တာ ပြီးရင် မျက်လုံးနဲ့ ရင်ဘတ်ဟောင်းလောင်းချည်းပဲ"

ဂျောင်ကုအနည်းငယ်တော့ကြောင်သွားသည်။

"ဟမ် အကို ခဏ ခဏ လူပျို အပျိုတိုင်းကြည့်တာတော့ ဟုတ်ပါပြီ ဘာလဲ မျက်လုံးနဲ့ ရင်ဘတ်ဟောင်းလောင်းက "

ဆော့ဂျင်က တော်တော်လေး တုံးရလားဆိုတဲ့မျက်နှာဘေးနဲ့

"စတွေ့ဖူးရင် မန်နေဂျာကချောပြီးခနိ့လွန်းအားကြီးလို့ မျက်လုံးကျွတ်ကျတယ်ပြောတာ။ အကုန်လုံးက ရင်းနှီးဖို့ကြိုးစားတော့ ဟိုက ဖော်ရွေတော့ ရင်းနှီးသွားတယ်လေ တစ်ဆင့်ထပ်တက်ဖို့ကြိုးစားကြတော့ ဟိုက ပြုံးပြုံးလေးနဲ့မသိချင်ယောင်ဆောင်သွားတော့ အသည်းကကွဲတယ် အဲ့တာကြောင့် မျက်လုံးနဲ့ ရင်ဘတ်ဟောင်းလောင်းလို့ပြောတာကွ ။ "

ဂျောင်ကုက ရယ်သည်။

"အကိုဆော့ဂျင် က အိမ်ထောင်သည်မို့လို့သာနော် "

ဆော့ဂျင်ကပြုံးသည်။

"ပြစ်မှားနေတာမဟုတ်ဘူးကွ အမှန်ပြောတာ မင်းသွား crush တဲ့ကောင်မလေးက ချောလား "

"ဘာဆိုင်လို့လဲဗျ "

"မေးတာဖြေလေကွာ "

"လှတာပေါ့အကိုရာ လှလို့ crush တာပေါ့ "

- Forgotten Truths -حيث تعيش القصص. اكتشف الآن