မနေ့ညနေက အပြုအမူကြောင့် ဂျောင်ကုပြန်တောင်းပန်ဖို့ ဆုံးဖြတ်ထားလေသည်။ တစ်ညလုံးလည်း ထိုအကြောင်းကို စဉ်းစားမိရင်း တစ်ရေးမှအိပ်မပျော်ခဲ့ ။ တစ်ခုခုဆို ထိန်းချုပ်နိုင်စွမ်းမရှိတဲ့ သူ့ကိုယ်သူပဲအပြစ်တင်မိသည်။
အခန်းထဲမှထွက်ပြီး မနက်စာစားမည်အပြု မျက်နှာချင်းဆိုင်အခန်းမှ ထွက်လာသော ဂျီမင်ကိုမြင်လေသည်။
"ဂျီမင်ရှီ "
ဂျောင်ကုလှမ်းခေါ်တော့မှ အပြစ်တင်စရာမရှိတဲ့ မျက်နှာချောချောလေးက မော့ကြည့်လေသည်။
"အင်း ပြောလေ "
"မနေ့ကကိစ္စ ကျွန်တော်တောင်းပန်ပါတယ် "
စိတ်ပျက်ဖွယ် အမူအရာဖြင့် ပြန်ပြောသော ဂျီမင်ကို ကြည့်ပြီး ရင်ထဲအစိုးမရနိုင်ဖြစ်လေသည်။
"မဖြစ်ခဲ့ဘူး သဘောထားလိုက်မယ် ဂျောင်ကု နောက်တစ်ခါ အဲ့လိုထပ်မလုပ်ပါနဲ့ တစ်ယောက်ယောက် မြင်ရင် သိက္ခာကျ တယ် "
ကိုယ်လုပ်ခဲ့တဲ့အပြစ်အား သိသည်မို့ ဘာမှကို ပြန်မပြောနိုင်။
ရုတ်တရက်ပြောသည့် စကားကြောင့် ဂျောင်ကု ကြောင်သွားသည်။
"ညနေကျရင် ရွာဘက်မှာ ညဈေးပွဲရှိတယ်တဲ့ နှစ်ယောက်တည်း သွားရအောင် "
"ခုနကပဲ မျက်နှာထားတင်းတင်းကြီးနဲ့ ခုလည်း ကျရော နှစ်ယောက်တည်းသွားမယ်တဲ့လား ဘာလား ဂျီမင်ရာ မင်းစိတ်ကို မခန့်မှန်းတတ်တော့ဘူး " ဟု စိတ်ထဲကပဲ ပြောနေမိသည်။
"အဲ့မှာပဲ ဆက်ရပ်နေတော့မှာလား ဂျွန်းဂျောင်ကု ရှီ မုန့်မစားဘူးလား"
ခပ်ပြတ်ပြတ် အသံကြောင့် လူက တုန်တက်သွားသည်။
"ဟုတ် ဟုတ် စားမှာ "
မျက်စောင်းထိုး ထိုင်ခုံတွင် တစ်ယောက်တည်း ထိုင်စားနေသော ဂျီမင့်ကို ကြည့်ရင်း သက်ပြင်း ခပ်ညှင်းညှင်းချမိသည်။
"သူက ဒီလိုပဲ တစ်ယောက်တည်း နေနေကျလား "
ဂျီမင့်အား ကြည့်နေရင်းပင် ဟိုဆော့အားမေးလိုက်သည်။
VOCÊ ESTÁ LENDO
- Forgotten Truths -
Fanficမင်းဘယ်လောက်များ မချစ်ပဲနေနိုင်မှာတဲ့လဲ? Park Jimin - 박지민 Jeon Jung Kook - 전정국 - Kookmin - Zawgyi - Unicode