နောက်တနေ့မနက် လေဆိပ်ကို ၃ယောက်လုံးစုံစုံလင်လင်ရောက်နေကြလေပြီ။
ပထမတော့ ၃ယောက်တည်း Fees ဆင်းရမယ် ထင်တာ ညနေဘက်မှ CEO က" မင်းတို့ကို ညွှန်ကြားပေးဖို့ လူနောက်တစ်ယောက်ထပ်ထည့်ပေးလိုက်မယ်" ဆိုလို့ စောင့်နေခြင်းပင်။
"အဲ့လူကလည်း ၉နာရီ ပဲထိုးနေပြီ ခုထိမလာသေး ၉ခွဲ Flight တက်ရမဲ့ ကိစ္စကို နောက်ကျရင် ထားခဲ့မယ် " ဆိုပြီး ဂျောင်ကု ခပ်ပေါ့ပေါ့တွေးလိုက်သည်။
ထို့နောက် မျက်လုံးထဲ ထင်ထင်ရှားရှားမြင်လာရတဲ့ လူတစ်ယောက်
"ဟား ဟား ဂျောင်ကု မင်းရူးသွားပြီ တစ်ရက်ပဲမတွေ့ရသေးတာကို ခုလိုတွေမဟုတ်မဟတ်မြင်နေရလား ဟား ဟား "
ဂျောင်ကု ကိုယ့်ပါးကိုယ်ရိုက်လိုက်ပြီး ခေါင်းပါခါလိုက်သေးသည်။
"ဂျောင်ကုရှီ"
နားထဲကြားလာရသည့်အသံကြောင့်
"အား ဂျွန်းဂျောင်ကု မင်း မျက်လုံးမှာပါ မြင်တာမဟုတ်ဘူး အသံတွေပါကြားနေရပြီ ငါရူးပြီလား ရူးသွားပြီလား "
တစ်ယောက်တည်းပြောနေသည်ကို ဟိုဆော့နဲ့ထယ်ယောင်းက မြင်ပြီး
"ဟေ့ကောင် ဘာဖြစ်နေတာလဲ နည်းနည်းပါးပါး အရှေ့လေးလည်း ကြည့်ဦး ဘယ်သူရောက်လာလဲ ဆိုတာ "
"ဘာလို့ကြည့်ရမှာလဲ အသံတွေပါကြားနေရလို့ ရူးချင်နေပါပြီဆိုမှ "
ထယ်ယောင်းက မနေနိုင်မထိုင်နိုင်ဝင်ပြောလေပြီ။
"အေး ကြားမှာပေါ့ ဂွမ်းဂျယ်အင်း လာတာပဲကို အဲ့တာကြောင့် မျက်နှာတော် မော့ပါဦး "
ထယ်ယောင်းပြောတာ ကြားသည်ကြောင့် ခေါင်းကို မော့ကြည့်မိတော့
YOU ARE READING
- Forgotten Truths -
Fanfictionမင်းဘယ်လောက်များ မချစ်ပဲနေနိုင်မှာတဲ့လဲ? Park Jimin - 박지민 Jeon Jung Kook - 전정국 - Kookmin - Zawgyi - Unicode