Part 9

1.5K 107 1
                                    

ထိုနေ့ကဟျောင်းနဲ့စကားများပြီးကတည်းက ခုချိန်ထိ သူ့ဘက်က ဟျောင်းကို မဆက်သွယ်ခဲ့သလို ဟျောင်းဘက်ကလည်း မဆက်သွယ်ခဲ့ပါ။

"ဟူး ဒီလိုနဲ့ပဲ ဟျောင်းနဲ့ကျွန်တော်ဝေးရတော့မှာလား "

သက်ပြင်းခပ်လေးလေးချပြီးလေပူတစ်ချက်အား ထယ်ယောင်းမှုတ်ထုတ်လိုက်သည်။

ဤသည်ကို စိတ်မချမ်းသာဖြစ်နေရသူက ဟိုဆော့ပင်

"ထယ်ယောင်းဘာဖြစ်နေလဲ အကို့ကိုပြောပြလေ ခရီးကနေပြန်ရောက်ကတည်းက မျက်နှာမကောင်းတာ ဘာကိစ္စဖြစ်လို့လဲ "

"ဘာမှမဖြစ်ပါဘူး အကိုဟိုဆော့ရာ "

ကြားထဲကနေစကားဖြတိပြီး ဝင်ပြောလိုက်သူက ဂျောင်ကု

"လင်ပူမိနေတာလေ "

"ဟေ့ကောင်မမက်ရိုင်းနဲ့ "

"ငါပြောတာရောမှားလို့လား"

ဟုတ်သည်။ ဂျောင်ကုပြောတာလည်းမမှားပါ ။ တကယ်လည်း သူပြောသလို လင်ပူမိနေပါသည်။

"တော်ပြီကွာ ရုံးဆင်းတော့မယ် ဂွမ်းဂျယ်အင်း ကို ကြည့်သာပြောထားလိုက်တော့ "

"အေးပါ အရမ်းလည်း စိတ်ညစ်မနေနဲ့ တစ်ခုခုဆို Ph ဆက်လိုက်နော် ထယ်ယောင်း "

အကိုတစ်ယောက်လို ဂရုစိုက်တတ်တဲ့ ဟိုဆော့က ထယ်ယောင်းအား အမှာတမ်းဖွင့်လေသည်။

ဂျောင်ကုကတော့ ဘာမှဝင်မပြော ကွန်ပြူတာအားကြည့်ပြီး သူ့အလုပ်သူလုပ်နေလေသည်။

ဂျောင်ကုကိုလည်း သူစိတ်မဆိုးရက် ဂျောင်ကုတားတဲ့ကြားက သူလုပ်ခဲ့တာပဲလေ အဲ့အတွက်ကြောင့် ဂျောင်ကု စိတ်ဆိုးချင်လည်း ဆိုးချင်စရာပါ။

"ငါပြန်ပြီ ဂျောင်ကု"

သူ့ဘက်ကလှည့်မကြည့်ပေမဲ့လည်း ထယ်ယောင်းဝတ်ကျေတမ်းကျေ နှုတ်ဆက်ပြီး နေထိုင်ရာ တိုက်ခန်းသို့ ပြန်လာခဲ့လေသည်။

ထယ်ယောင်းထွက်သွားတော့မှ ဟိုဆော့ ဂျောင်ကုအား ပြောလေသည်။

"ဂျောင်ကု မင်းကလည်း ကွာ အဲ့လိုကြီး ထယ်ယောင်းကို မလုပ်ပါနဲ့ မင်းနဲ့ထယ်ယောင်းဘာကိစ္စရှိလည်း မသိပေမဲ့ ခုလိုတော့ စိမ်းကားသလိုမျိုးမနေနဲ့ကွာ"

- Forgotten Truths -Where stories live. Discover now