Part 7

945 103 4
                                    

နေဝင်ပန်းချီကားတစ်ချပ်ကို အနီးကပ်ကြည့်နေရသည့်အတိုင်း အိပ်နေသည့်အချိန်မှာတောင် ပြစ်မှားချင်စရာကောင်းလှတဲ့အနှီလူသားရဲ့မျက်နှာကလေး..

မျက်နှာပေါ်တွင်ဝေ့ဝဲကျနေသော ဆံပင်များအား နားရွက်နောက်သို့ သပ်လိုက်ပြီး နဖူးပေါ်သို့ အနမ်းတစ်ချက်ခြွေလိုက်လေသည်။

"ချစ်လိုက်တာ ဂျီမင်ရယ် "

"အင်း သိတယ် "

ဘယ်အချိန်ကတည်းကနိုးနေမှန်းမသိ သူပြောတဲ့ စကားကို ပြုံးလျက်ပင်ပြန်ဖြေတဲ့ ကောင်လေးရယ်ပါ။ ဒီထက်ပိုပြီး ချစ်ရအောင်လုပ်နေတာပဲ ဂျီမင်ရယ်

"ဘာလို့ချစ်တာလဲ"

ရုတ်တရက်ဆိုလာတဲ့စကားကြောင့် မဆိုင်းမတွပဲ ချက်ချင်းပြန်ဖြေလိုက်သည်။

"ဂျီမင်ဖြစ်နေလို့ တခြားသူမဟုတ်ပဲ ဂျီမင်ဖြစ်နေလို့ချစ်တာ ဂျီမင်ရဲ့ အသေးအမွှားလေးကအစ ချစ်တယ် ဘာ့ကြောင့်ကို့ကို ခုလို ယူခိုင်းမှန်းမသိပေမဲ့ ဂျီမင် ကို့ကို စိတ်ကစားတယ် ဆိုရင်တောင်ကျေနပ်တယ် ဂျီမင် "

~ဟက် အရင်က ငါ့ကို ဆက်ဆံခဲ့သလို မဟုတ်တော့ပါလား ဂျွန်းရယ်~ ဟု ဂျီမင်စိတ်ထဲကပဲ ပြောနေမိသည်။

"အင်း ငါလည်း မင်းကို တကယ် ချစ်လား မချစ်လား သိချင်လို့ ခုလို ရဲဆေးတင်ပြီး မင်းအခန်းထဲကို လာတာ "

"အဲ့တော့ ရင်ခုန်လား " လို့ဂျောင်ကု မေးတော့

"မခုန်ဘူး "

"ဂျီမင်!"

ဂျောင်ကုရဲ့ စူးစူးဝါးဝါး အော်သံကြောင့် အိပ်ရာကနေထကာ အောက်တွင်ကျနေသာ အဝတ်များအားယူလိုက်ပြီး ကုတင်အစွန်းတွင်ထိုင်နေသော ဂျောင်ကုဘက်လှည့်ကာ

"မင်းကို ချစ်တယ်ထင်နေတာလား မင်းအကြောင်းဘာမှမသိသေးပဲ ငါကချစ်ရမယ်တဲ့လား "

ဂျောင်ကုဘာမှမပြောနိုင် ဂျီမင်ကိုကြည့်ရင်း အာစေးမိနေခဲ့လေသည်။

"စိတ်ကစားတယ်ဆိုရအောင်လည်း ငါက ဆယ်ကျော်သက်အရွယ်မှမဟုတ်တာ"

"အဲ့တာဆို ဘာလို့ မနေ့က ချစ်တယ် လို့ပြောခဲ့လဲ "

"ဟက် ပျော်လို့ ပြီးတော့ မင်းက စလို့ကောင်းမယ်ထင်တာရယ် sex လုပ်တယ်ဆိုတာ ဘယ်လိုလည်း သိချင်လို့ "

- Forgotten Truths -Where stories live. Discover now