Be MiNe... 🖤(Ep- 1)

8.8K 516 46
                                    


#Zawgyi


မှန်ချက်တွေ  ကာထားတဲ့ စံအိမ်ကြီးရဲ့ အခန်းထဲ၌ အချိန်ကြာမြင့်စွာ တစ်ယောက်တည်း ငေးငိုင်စွာ ထိုင်နေမိသည်။မျက်လုံးတွေက မှန်ချက်တွေရဲ့အပြင် အဝေးတစ်နေရာ၌  မြက်ခင်းကျယ်ကြီးရှိ  လူနှစ်ယောက်ထံတွင်...၊ ဂျီမင်း ရဲ့ မျက်ဝန်းတို့သည် တည်ငြိမ်လျက် အေးစက်နေသည် ။ဒီအိမ်ကြီးရဲ့ အ​ငွေ့အသက်၌ ကင်းလွှတ်ချင်သည်..။ သို့သော်... ဒီနေရာက ထွက်ပြေးဖို့ ဂျီမင်း မစွမ်းသာ..။ လောင်းရိပ်က လွှတ်ဖို့ ကျွန်တော်ဟာ တောင်ပံကျိုးနေတဲ့ ငှက်တစ်ကောင်လို ပျံသန်းဖို့ မဖြစ်နိုင်တော့...။
ခင်းကျင်းပြင်ဆင် နေတဲ့  လူတချို့နှင့် ကွင်းပြင်တွင် ရှုပ်ရှက်ခက်နေသည်။
ှုထိုင်ခုံ စားပွဲ တို့ကို နေရာတကျ သယ်ရွေ့နေကြပြီး ​အော်ဟစ်ခိုင်းစေသံတွေဖြင့် ဆူညံ့လို့ နေသည်။ ဒီနေ့ပွဲဟာ အမှားအယွင်းမရှိပြီးမြောက်ဖို့ အားလုံး ကြိုးပမ်းနေကြသည်။ ထိုအခင်းအကျင်းတွေရဲ့ အဝေးတနေရာရှိ အပင်အိုကြီးတွင် လူ၂ယောက် စကားရပ်ပြောနေကြသည်။  ထိုထဲမှ ရပ်နေသူတစ်ယောက်ဟာ ဂျီမင်းရဲ့ တစ်ဘဝလုံးကို စိတ်တိုင်းကျ ချုပ်ကိုင် ခြယ်လှယ်နေသည့်...ကင်ထယ်ယောင်း ။သူ့ရှေ့မှာ ရပ်နေတဲ့ သူကတော့ လှပ ​ကျော့ရှင်းတဲ့ အသွင်ရှိပေမဲ့ ဝမ်းနည်း၍ ကျနေတဲ့ မျက်ရည်စတွေကို သုတ်နေတဲ့ မိန်းကလေးတစ်ဦး~၊ ဒါဟာ ကင်ထယ်ယောင်းရဲ့ နံပါတ်စဉ်တွေ အလီလီထဲက exဖြစ်မဲ့ သူတစ်ယောက်ပေါ့...။

ခုချိန် ကျွန်တော့်အတွေးတွေထဲမှာ ပေါ်လာတာက..အကို ~ သူသာ ကျွန်တော့်ကို ခုလိုအကြာကြီး စောင့်ရအောင် မလုပ်ခဲ့ရင်~ ကျွန်တော် ဒီစေ့စပ်ပွဲကို မရရတဲ့နည်းပျက်အောင်လုပ်မိမှာ..၊ ခုတော့ ဘယ်ဆီမှာမှန်းမသိတဲ့ အကို့ ကို ကျွန်တော် တမ်းတနေမိတယ်..။တမ်းတမိတဲ့ ကျွန်တော်ပဲ မှားသလား..၊ အကို့အပေါ်ခံစားချက်တွေရှိမိတဲ့ ကျွန်တော့် နှလုံးသားကပဲ မှားသလား မဝေခွဲတတ်တော့ ။

အပင်အိုအောက်က ထယ်ယောင်းနှင့် ထိုမိန်းကလေးလည်း..စကားအခြေအတင်များနေဟန်ရှိသည်။မျက်ရည်တွေသုတ်နေတဲ့ထိုမိန်းကလေးသည်လည်း ထယ်ယောင်းရင်ဘတ်ကို ထုရိုက်ပြီး ထယ်ယောင်းကလည်း ထိုမိန်းကလေးအား စိတ်ပျက်သလိုဟန်ဖြင့် ခေါင်းစောင်းကာ အခြား၌ အာရုံစိုက်နေသည်။ မိန်းကလေးပြောတဲ့စကားတွေကို ဦးနှောက်ထဲ မရှိဘူးဆိုတဲ့ သဘောမျိုးပေါ့။ဒါဟာ ထယ်ယောင်းရဲ့ လမ်းခွဲစကားဆိုတိုင်း ဖြစ်တတ်တဲ့ပုံစံမို့ ဂျီမင်းအတွက် ရင်းနှီးပြီးသားဖြစ်သည်။

 🄱🄴 🄼🄸🄽🄴  🖤✨ [ ᐯᗰIᑎ ]  /( Completed )Where stories live. Discover now