Be MiNe...🖤(Ep- 29)Ending

3.7K 310 68
                                    

#ZG

.
.
.

ကောင်းကင်ပြာပြာရဲ့  နေရောင်ခြည်နဲ့ တိမ်ဆိုင်အုပ်စုလေးတွေက ပန်းချီကား တစ်ချပ်လို လှလွန်းသည်~ ဖြာကျလာတဲ့နေခြည်အနွေးနွေးလေးဟာ ပြတင်းပေါက်မှ အခန်းဆီ ဖြတ်သန်းပြီး ပါးပြင်မို့မို့လေးအား အနွေးဓာတ် ပေးလေသည်~စောင်ဖြူဖြူထဲ လုံးလုံး​လေးဖြင့် အိပ်​မောကျနေဆဲ အချစ်~လှပတဲ့ ပန်းချီကားတစ်ချပ်ကို အကြာကြီး ငေးကြည့်ရင်း ~ထိုပါးပြင်မို့မို့အား တစ်ချက်နမ်းရှိုက်လိုက်ပြီး နိုးသွားမည်ဆိုး၍ အသာထလိုက်ကာ bathroom ဆီဝင်လာခဲ့သည်။

ညက ချစ်ကြည်နူးနေတာနဲ့ နောက်ကျမှ
အိပ်ဖြစ်ကြသည်။အားလပ်ရက်မို့ အစောမနှိုးတော့ဘဲ ကိုယ်တိုင်ပဲ အရင်ထပြီး မနက်စာကို ပြင်ဆင်လိုက်သည်~

အောက်ထပ်ကို ဆင်းလာတော့ ဂျီမင်း ကြိုက်တဲ့ ဟင်း..ပြင်ပေးဖို့ အဒေါ်ကြီးဆီ အကူအညီတောင်းပြီး မီးဖိုခန်း၌ အလုပ်ရှုပ်လျက်~

" ရပြီ... အဒေါ်ဂျို ကျန်တာ ကျွန်တော် ကြည့်လုပ်လိုက်မယ်''

ပူပူနွေးနွေး အမဲဆန်ပြုတ်လေးကို ပန်းကန်လုံးတစ်ခုတွက် ခပ်ထားပြီး နဲနဲအအေးခံလိုက်သည်။ပူလွန်းရင် အချစ်အတွက် မကောင်းဘူးလေ... ။ ခုတောင် အိပ်ယာက နိုးနေပြီလားမသိ။

အခန်းထဲ ပြန်ဝင်လာတော့ အိပ်ယာပေါ်မှ ကြက်ပေါက်လေး ငုပ်တုတ်လေးထိုင်နေတာမြင်တော့ ပြုံးလိုက်ပြီး ဘေးတွင်ဝင်ထိုင်ကာ...

" နိုးပြီလား... ~''

" အွင်း~~ ''

မျက်နှာလေးကို လက်ဖြင့် ပွတ်ရင်း အိပ်ချင်မူးတူးလေးဖြင့် ပြန်ပြောလေ၏...။မျက်လုံးကို အတင်းပွတ်နေလေတော့

" အရမ်းမပွတ်နဲ့လေ.. နာကုန်မယ် ''

လက်၂ဖက်ကို ဆွဲယူပြီး ဆိုလိုက်လေသည်။
လက်ပိစီလေးတွေကို အုပ်ကိုင်ပြီး...

" ထတော့နော်...ကိုယ် အချစ်အတွက် အမဲဆန်ပြုတ် လုပ်ထားတယ် ~ အေးကုန်တော့မယ် ''

ထယ်ယောင်းက ပြောနေပေမဲ့ မျက်လုံး ပိတ် ၊ ငုပ်တုတ်ကြီး အိပ်နေတဲ့ ဂျီမင်း ။ထယ်ယောင်း စိတ်မဆိုးပေမဲ့ အူယား၍ လက်ကို လှုပ်ယမ်းရင်း... ။

 🄱🄴 🄼🄸🄽🄴  🖤✨ [ ᐯᗰIᑎ ]  /( Completed )Donde viven las historias. Descúbrelo ahora