#ZGဒီနေ့ဟာ အထက်တန်းများ ကျောင်းဖွင့်တဲ့နေ့ဖြစ်သည်။
ဂျီမင်းလေးတစ်ယောက် စောစောထဖြစ်ပြီး ရေမိုးချိုးကာ အင်္ကျီ အသစ်အား ထုတ်ကြည့်ရင်း ပြုံးမိသည်။ အထက်တန်းတောင် ငါရောက်လာပြီကိုး, ၊ အရင်လို ထယ်ယောင်းခေါ်နေကျ ကြောင်ချီးရုပ် မဟုတ်တော့ပါ။ ဖြူဖြူဖွေးဖွေးနဲ့ ကြွေရုပ်လေး ပမာ ။ ကိုယ်လုံးပေါ်မှန်ရှေ့ ရပ်ကြည့်ပြီး ကိုယ့်ကိုယ်ကို ကြည့်မဝ ။ ငါချောလာတာကို
ဟိုကောင် ထယ်ယောင်းက လှတယ်တဲ့လေ... ဒီကောင်ရူးနေတာမလား ဟွန့်.. ၊ အရူး ။'' ဟူး..... ကျောင်းအသစ်က သူဌေးသားတွေကြီးပဲဟာ
မတက်ချင်ပါဘူး.... ဘာလို့ဇွတ်တက်ခိုင်းနေမှန်းကို မသိဘူး ''မှန်ရှေ့ ဆူပုတ်ပုတ် လုပ်နေရင်း တံခါးလာခေါက်တဲ့ မိစော။
ဒေါက်.... ဒေါက်
'' ဟုတ်... ဝင်ခဲ့ပါ ''
'' ဂျီမင်းလေး ...သခင်လေးထယ်ယောင်း အောက်ထပ်မှာ မနက်စာ စားဖို့ စောင့်နေတယ် ''
'' ဟုတ်....လာခဲ့ပါ့မယ်''
သူလည်း အစောကြီး နိုးနေတာလား ။ခါတိုင်း နေဖင်ထိုးမှ ထတဲ့သူက... ။ ဝတ်ထားတဲ့ အင်္ကျီကို သေချာစွာ ပြန်ပြင်ပြီး အောက်ထပ်သို့ ဆင်းခဲ့သည်။ စားပွဲပေါ်တွင် မေးတင်ပြီး ငိုက်မြည်းနေတဲ့ ထယ်ယောင်းကို တွေ့တော့
'' စောစောစီးစီး မင်းက! ''
'' ဘာလဲ ထိုင်ဦး ''
'' အိပ်ချင်နေလည်း ထပ်အိပ်လေ ငါ့ဘာသာ...''
'' မင်းကို တစ်ယောက်တည်းပေးသွားမယ်လို့ ဘယ်သူပြောလဲ ''
'' မင်းနဲ့ လား ''
'' အေးလေ မင်းကို ဘာပြောထားလဲ ဘာလုပ်လုပ်အတူတူလို့
မင်း အစောကြီးသွားမှာ သိလို့ ငါစောစောထတာ '''' ဘာဆိုင်လို့လဲ ''
'' မင်း အရင်သွားမှာ ဆိုးလို့ပေါ့ ကြောင်ချီးရုပ်ရဲ့ ''
'' ထယ်ယောင်း နော်....ကျောင်းမှာ အဲ့လိုမခေါ်နဲ့ ငါ့ကို ''
'' ခေါ်မှာပဲ ''
VOCÊ ESTÁ LENDO
🄱🄴 🄼🄸🄽🄴 🖤✨ [ ᐯᗰIᑎ ] /( Completed )
FanficAttraction oF Hateness အမုန်းတွေမှ နူးညံ့သောချစ်ခြင်းသို့ပြောင်းလဲသွားတဲ့ ကောင်လေး နှစ်ဦး 🖤🖤🖤🖤🖤🖤🖤🖤❗ အမုန်းတွေမှ နူးညံ့သောချစ်ခြင်းသို့ပြောင်းလဲသွားတဲ့ ကောင်လေး နှစ်ဦး End_ Date ~ 2/11/2020 ZG + Unicode Vmin 🍑🐯🐥