Be MiNe...🖤(Ep- 12)

2.4K 346 21
                                    


#ZG

မူးဝေနေတဲ့ မျက်လုံးတွေက တစ်နေရာတည်းပဲ
မြင်ယောင်နေသည်။
သောက်လာတဲ့ အရက်ကပဲ ထူးဆန်းနေလေရော။
ခေါင်းကို အသာခါလိုက်ပြီး အရှေ့ကို အာရုံစိုက်လိုက်သည်။

မျက်လုံးမှိတ်ပြီး ငြိမ်နေတဲ့ ဂျီမင်းကို နမ်းဖို့ပြင်လိုက်ပေမဲ့ မျက်လုံးထဲမှာ ပါးပြင်မို့မို့လေး အစား နှင်းဆီယောင်ကဲ့သို့ ရဲထွေးနေတဲ့ နှုတ်ခမ်းတစ်စုံက သူ့ကို ပိုဆွဲယောင်နေသည်။
တံ့တွေးကို အသာမြိုချရင်း ဂျီမင်း မျက်နှာလေးကို ဆုတ်ယူကာ

ပြွတ်စ် ~

ပြူးကျယ်သွားတဲ့ မျက်လုံးလေး.....~ ။
ထိကပ်သွားတဲ့ နှုတ်ခမ်းလေးတွေ..... ~ ။

တစ် စက္ကန့်

နှစ် စက္ကန့်

သုံး စက္ကန့်.... ~ ။

ထိုခဏ၌ ရင်ဘတ်ကို ထုလာတဲ့ လက်ပိစီလေးတွေ...
ထယ်ယောင်း မလွှတ်ချင်အောင် ထို အိစက်နေတဲ့ နှုတ်ခမ်းသားတွေ သူ့ကို ပိုလိုလားစေသည်။
မူးနေပေမဲ့ ထိုအရသာက သူ့အသိစိတ်ကိုတော့ ထိရောက်သည်။
အားနဲ့ ရုန်းလာတဲ့ ဂျီမင်း ကိုယ်လေးကို လွတ်ပေးလိုက်တော့
ပါးပြင်ပေါ်ကျလာတဲ့ လက်သီးတစ်ချက်.... ~ ။

ခွပ် ~

လူက မူးနေတော့ ဂျီမင်း လက်သီးတစ်ချက်မှာ
လဲကျသွားသည် ။
ခု ငါ အထိုးခံလိုက်ရတာလား...။
ငါကလေ...။ဂျီမင်း ဆီက လေ...။

'' §အရက်သမား...~ ''

လို့ ပြောပြီး မူးနေတဲ့ ထယ်ယောင်းကို ထားခဲ့ပြီး အိမ်ပေါ် ပြေးတက်သွားတော့သည်။
စေတနာက ဝေဒနာ ဖြစ်ခဲ့ပြီ ။ သူ့အတွက် သုခမည်မယ်။
ကိုယ့်အတွက် ဒုက္ခ ပင်။
အရက်သမားတွေ ကောင်းကို မကောင်းဘူး... ။

အခန်းတံခါးက အားနဲ့ ဒုန်းခနဲ ပိတ်ချလိုက်သည်။
တံခါးနံရံကို မှီကာ ထယ်ယောင်း နမ်းလိုက်တဲ့ သူ့နှုတ်ခမ်းကို ပွတ်ကြည့်ရင်း ဒေါသထွက်နေပါသည်။
အရူး အမူးသမား... စသဖြင့် ကြိမ်ဆဲရင်း ခြေဆောင့်နေသည်။
ဂျီမင်း အတွက် ပထမဆုံး အနမ်းလေး ဖြစ်တာကြောင့်
ပိုနှာမြောကာ ရင်ထဲ တမျိုးပင်... ။
မုန်းတဲ့သူနဲ့ကျမှ သူ့ရဲ့ first kissလေး ရေစုန်မျော..
မဟုတ်ဘူး အရက်စုန်ကို မျောခဲ့တာ...၊
ခါးသက်သက် အရသာရှိတဲ့ နှုတ်ခမ်းကို
လက်နှင့် အကြမ်းပတမ်းပွတ်လိုက်သည်။

 🄱🄴 🄼🄸🄽🄴  🖤✨ [ ᐯᗰIᑎ ]  /( Completed )Where stories live. Discover now