Be MiNe...🖤(Ep- 4)

2.4K 366 28
                                    


#ZG

တနေ့၌...

ဂျီမင်းတို့ အိမ်ရှေ့ ကားတစ်စီး ထိုးရပ်လိုက်သည်။
ဒေါ်ယူယောင်းက ကားကို မြင်တော့ လန့်ဖျပ်ကာ

'' သား....ဂျီမင်းရေ... ဟိုကားကြီးက အမေ့တို့ အိမ်ရှေ့ ဘာလို့ ရပ်သွားတာလဲ မသိဘူး ၊ ငါတို့ လမ်းထဲ ဒီလို ကားမျိုး မလာဖူးပါဘူး ''

ဂျီမင်းလည်း မျက်မှောင်ကြုတ်ကာ ကားဆီ စူးစိုက်ကြည့်လိုက်သည်။ ထင်တဲ့အတိုင်း ပဲ ဦးချွန်း နဲ့ ထယ်ယောင်း ကားပေါ်က ဆင်းလာကြသည်။

'' ဒါ ဂျီမင်း တို့ အိမ်လား...ခင်ဗျ ''

'' ဟဲ့ သား... မင်းကို မေးနေတယ်တော့ ၊ အမလေး ငါ့သားမှာ ဒီလို ဧည့်သည်မျိုး ရှိတယ်လား..၊ ''

'' ဝင်ခွင့်ပြုပါ ခင်ဗျ...''

'' ဪ...ဟုတ်ကဲ့... ဝင်ပါရှင် ''

ဦးချွန်းက ရို့ရို့ကျိုးကျိုးပြောပြီး ဂျီမင်း တို့ အိမ်ထဲ ငုံ့ဝင်လိုက်သည်။
အနောက်က ထယ်ယောင်းကတော့ သူ့ပုံစံအတိုင်း ခြေတစ်လှမ်း ကုဋတေ တစ်သန်းနှင့် လျောက်လာတော့သည်။ ယူယောင်းက ပျာရာတွေ ခပ်ရင်း....

" လာပါ...လာပါ....၊ ဒီမှာ ထိုင်ပါရှင့် ၊ အိမ်က သေးတော့ အားနာလိုက်တာ ၊ သား...လာ ဒီမှာ ထိုင်၊ သား သူငယ်ချင်း ဂျီမင်း ဆီ လာလည်တာလား..''

'' မဟုတ်ဘူး... ၊ သူ့ကို ဝယ်ချင်လို့ ''

'' ထယ်ယောင်း.. အဲ့လိုမပြောရဘူးလေ ၊မွေးစားချင်တယ်လို့ ပြောရတယ် ''

'' မွေးစားချင်တယ်! !?''

ဒေါ်ယူယောင်းက မျက်လုံးပြူးနဲ့ မေးလာတော့ ဦးချွန်းက

" လာရခြင်းအကြောင်းက အမကြီးသားလေးကို သခင်လေးက သူနဲ့အဖော်အဖြစ်ထားချင်လို့ မွေးစားခွင့်လာတောင်းတာပါ...လိုလေသေးမရှိ ထားမှာပါ..~ မျက်နှာ မငယ်စေရပါဘူး~သခင်လေးရဲ့မိဘတွေကလည်း ခွင့်ပြုပေးထားလို့ ဟော့ဒီက ကလေးကို မွေးစားပါရစေ...''

ဂျီမင်း ရဲ့ အမေမှာ အံအားသင့်လျက် ငေးငိုင်နေသည်။
ခဏနေမှ သက်ပြင်းချပြီး ဘေးနားက ဂျီမင်း ကို လှမ်းကြည့်လိုက်ပါတယ် ။ ဂျီမင်း အနေနဲ့ '' မွေးစား '' ဆိုတဲ့ စကားကို နားမလည်စွာဖြင့်...

 🄱🄴 🄼🄸🄽🄴  🖤✨ [ ᐯᗰIᑎ ]  /( Completed )Where stories live. Discover now