#ZG'' အီးဟီး...အိမ်ပြန်မယ်... အိမ်ပြန်မယ် ၊ မေကြီး ပြန်မယ် ''
'' ဟားဟား... အဟိ...''
ထယ်ယောင်း တို့ အိမ်ကြီးထဲမှာ ဂျီမင်း ရဲ့ ငိုသံနဲ့ ထယ်ယောင်း ရဲ့ ရယ်သံတို့ ရောထွေးနေသည်။
ဂျီမင်းရဲ့ ငိုသံ...၊ ငို ဟန်က ထယ်ယောင်း အတွက် ရယ်စရာ တစ်ခုဖြစ်ခဲ့ရသည်။ ဂျီမင်း ငိုလေ ထယ်ယောင်း ရီလေပင်။
ဂျီမင်း ရှေ့မှာ ဇိမ်ကျကျထိုင်ပြီး တခွိခွိရယ်လိုက်၊ တဟီးဟီး ရယ်လိုက် လုပ်နေတော့ ဂျီမင်း ပင် သူ့ကို အံသြ၍ အငိုတိတ်သွားရသည်ထိပင်။ ဂျီမင်း အငိုတိတ်တော့လည်း'' ဟေ့...ငိုလေ... ငို... ငို ၊ ပါးစပ် ပြဲကြီးနဲ့ ငိုလေ ၊
နှပ်တွေ သိပ်မထွက်နဲ့ ငါက ရွံတတ်တယ် ''ဟု လှမ်းပြောတတ်သည်။ အဲ့အချိန်ကတည်းက သူ့ရယ်သံကို ဂျီမင်း မုန်းသည်။ အမုန်းဆိုတာ ဘာမှန်းမသိတတ်ပေမဲ့ ဂျီမင်း သူ့ကို မုန်းခဲ့သည်။
သူ့အတွက်တော့ ဂျီမင်း က အပျင်းပြေ အရုပ်လေး တစ်ခုလိုပင်။
ဂျီမင်း သူ့အိမ်ကြီးမှာ မနေချင်ပါ ။ ဒါပေမယ့် ဂျီမင်း မှာ သွားစရာလည်း မရှိပါ။ ဂျီမင်း ကို ခေါ်ထားနိုင်တဲ့ ဆွေမျိုးသားချင်း အဆက်အသွယ်လည်း မရှိ။ ဖေဖေ့မိဘတွေက မေမေနှင့် ယူလို့ အမွေဖြတ်ထားသည်ဟု မေမေပြောပြဖူးလို့ ဂျီမင်း သိရပါသည်။
မေမေဆုံးသည့်နေ့က မေမေမှာခဲ့သည့်အတိုင်း ခေါင်းအုံးအောက်က ဦးချွန်း ပေးခဲ့တဲ့ လိပ်စာကဒ် ကိုတွေ့ရသည်။ မေမေမှာတဲ့ အတိုင်း ဖုန်းဆက်တော့ ဦးချွန်းရော ထယ်ယောင်း ရော ရောက်လာပြီး ဂျီမင်း ကို ထယ်ယောင်း တို့ အိမ်သို့ ခေါ်သွားခဲ့သည်။
ထယ်ယောင်းတို့ဟာ တကယ့်သူဌေးပင်။ အိမ်ကလည်း အလွန် ကျက်သရေရှိပြီး လှပသည်။ အိမ်ထဲက ပစ္စည်းများဟာ ဂျီမင်း မမြင်ဖူးတဲ့ အဖိုးတန် အကောင်းစားများပင်။ သို့သော် အိမ်ကြီးထဲမှာ ခြောက်ကပ်တိတ်ဆိတ်လှပါသည်။ ထယ်ယောင်း အဖေဟာ သက်ရှိထင်ရှားရှိနေဆဲ သူဌေးကြီးဟု ဂျီမင်း သိထားဖူးပေမဲ့ ထိုသူဌေးကြီးကို ထယ်ယောင်းတို့အိမ်မှာ တစ်ခါမှ မတွေ့ရပါ။
( ဂျီမင်း ဒီအိမ်ကို ရောက်ကတည်းက သူ့အဖေကို မတွေ့ရတာပင်။)
ESTÁS LEYENDO
🄱🄴 🄼🄸🄽🄴 🖤✨ [ ᐯᗰIᑎ ] /( Completed )
FanficAttraction oF Hateness အမုန်းတွေမှ နူးညံ့သောချစ်ခြင်းသို့ပြောင်းလဲသွားတဲ့ ကောင်လေး နှစ်ဦး 🖤🖤🖤🖤🖤🖤🖤🖤❗ အမုန်းတွေမှ နူးညံ့သောချစ်ခြင်းသို့ပြောင်းလဲသွားတဲ့ ကောင်လေး နှစ်ဦး End_ Date ~ 2/11/2020 ZG + Unicode Vmin 🍑🐯🐥