Be MiNe...🖤(Ep- 18)

2.2K 307 48
                                    


#ZG..

နောက်နေ့ ကျောင်းဆင်းချိန်မှာ...

ကျောင်းရှေ့ အကို ရောက်လာခဲ့သည်။
တော်သေးတယ် ဒီနေ့ ထယ်ယောင်း အရေးကြီး
meeting ရှိလို့ ကိုယ့်ဘာသာ ပြန်ရမဲ့နေ့ ဖြစ်ပေလို့ပေါ့။
မဟုတ်ရင် အကိုလာတာသာ Tae သိရင် စိတ်တိုနေဦးမှာ။

" ကလေး..."

အကိုဆီက မကြားရတာကြာပြီဖြစ်တဲ့ နာမ်စားလေး...။
နားထောင်လို့ ကောင်းခဲ့ပါတယ်... အရင်ကပေါ့ ~
ကျွန်တော်လည်း  အကို့ကို တွေ့ချင် စကားပြောချင်ပါတယ်~
ခုလို လာရှာပြီး တွေ့တဲ့ အကိုဟာ သိပ်သတ္တိကောင်းနေ
သည်။ အကို ခေါ်တော့ ကျွန်တော် အကို့ရှေ့
ရပ်လိုက်တယ်..။

" ကိုယ် စကားတွေ ပြောစရာရှိလို့ အချိန်လေးပေး
ပါလားဟင်..
ခဏ.. ခဏပါပဲ..''

" ကျွန်တော်... ကျွန်တော်! "

" ကိုယ် သိပ်လွမ်းနေခဲ့တာ...''

အကိုက သိပ်လွမ်းနေခဲ့တာ တဲ့...။
ကျွန်တော်လည်း သတိရခဲ့ပါတယ်... အကို ။
အကို ပြန်လာတာ သိပ်နောက်ကျသွားပြီ... ။

အချစ်မှာ timing လွဲပြီး ရောက်လာရင်
ဒုတိယ လူ ဖြစ်စမြဲပဲ...။

" ကျွန်တော်လည်း သတိရပါတယ်...၊ ပြီးတော့
အကိုဘယ်ချိန်က ပြန်ရောက်တာလဲ ကိုရီးယားကို..''

" ၂လလောက်ရှိပြီ... ကလေး ''

" ဪ... ၂လ တောင် ရှိပြီကို ကျွန်တော့်ကို
မဆက်သွယ်ဘူးနော်... အကို သိပ်နေနိုင်တာပဲ...
အဟင်း ~ ''

ဂျီမင်း အရွင်းဖောက်သလို ရယ်သံသဲ့သဲ့ဖြင့်
ပြောလိုက်တော့
Njက မျက်နှာပျက်သွားပြီး... ။

" နေနိုင်တာ မဟုတ်ပါဘူး ကလေးရယ်...
ကိုယ် ဆိုင်ဖွင့်ဖို့ အလုပ်ရှုပ်နေလို့ပါ... ပြီးတော့ ''

" တော်ပါတော့... ဆင်ခြေတွေ ကျွန်တော် မကြားချင်ဘူး
လိုရင်းကိုပဲ ပြောပါ ကျွန်တော် အိမ်ပြန်နောက်ကျရင်
Tae စိတ်ဆိုးမှာ မလိုလားဘူး...''

" Taeတဲ့လား အခေါ်အဝေါ်တွေတောင်
ပြောင်းသွားရလောက်အောင် ...''

 🄱🄴 🄼🄸🄽🄴  🖤✨ [ ᐯᗰIᑎ ]  /( Completed )Dove le storie prendono vita. Scoprilo ora