#၁၈ အောက် လူငယ်များ မဖတ်ရန်( ပြောလည်း ရမှာမဟုတ်ပါဘူး 🙄)#ZG
" လွှတ် ~ လွှတ်လို့ပြောနေတယ်လေ.. အင့် ''
ပြောရင်း ရုန်းရင်း လုပ်နေတဲ့ ဂျီမင်းကို ကားထဲကို ပစ်သွင်းလိုက်ပြီး ထယ်ယောင်းလည်း ကားကို မောင်းထွက်ခဲ့သည်။သို့ပေမဲ့ ကားတံခါးကို အတင်းဖွင့်နေတဲ့ ဂျီမင်းကြောင့် ထယ်ယောင်း စိတ်ရှုပ်သွားသည်။
" ကျစ်! ဂျီမင်း ငြိမ်ငြိမ်ထိုင်နော် မဟုတ်ရင် ကိုယ်ဘာလုပ်မိမယ်မသိဘူး~ ''
" လုပ်ချင်တာ လုပ်... ခုငါ့ကို ကားရပ်ပေး ''
" မလုပ်နိုင်ဘူး.. ငြိမ်ငြိမ်လိုက်ခဲ့ ''
" ကားရပ်ပေး ~ !!!........... မရပ်ဘူးလား ကဲ''
" ဟာ...ဟာ... ဘာလုပ်တာလဲ ဂျီမင်း ခုံမှာ ပြန်ထိုင်စမ်း နှစ်ယောက်လုံး မသာပေါ်ကုန်မယ်.. ကျစ်!''
ဂျီမင်း မှ ထယ်ယောင်းရဲ့ ကားအကွေ့ကို ဝင်နှောက်ယှက်တာကြောင့် ကားလည်းဟိုဒီယိုင်ထိုးပြီး လမ်းပေါ် ကမောက်ကမတွေဖြစ်ကုန်သည်။တား၍ မရတာကြောင့် ဘေးတနေရာကို ထိုးရပ်လိုက်ရ၏..။
ငမူးလေးက မူးမူးနဲ့ လျောက်လုပ်နေတာ..
သေကုန်တော့မှာပဲကွာ..။ကားရပ်တာနဲ့ တပြိုင်နက် တံခါးကို ဖွင့်ဖို့ လုပ်နေတဲ့ ဂျီမင်းကို ထယ်ယောင်းမှ လက်ကို လှမ်းဆွဲကာ ကားကို lockချလိုက်သည်။
" ဘယ်ပြေးမလို့လဲ.. ဒီလိုလုပ်လို့ ရရိုးလား ''
" လွှတ်နော် ~ လွှတ် ငါ့ကို သွားခွင့်ပေး ''
" ဂျီမင်း... ဂျီမင်း...ဒီမှာ ကိုယ့်ကို ကြည့်
စိတ်ကိုအေးအေးထား ~
Park Jimin...................!!''ပြောမရတဲ့အဆုံး အားနဲ့ အော်လိုက်သည်။
ထိုမှ ငြိမ်သွားကာ ဟင့်ခနဲ ငိုသံလေးထွက်လာတော့" ကိုယ် အော်ဖို့ မရည်ရွယ်ပါဘူး~ တောင်း တောင်းပန်ပါတယ် ''
" Tae က မကောင်းဘူး ''
" ဟုတ်တယ် ကိုယ်က မကောင်းဘူး အာ့ကြောင့် တောင်းပန်ပါတယ်~ မငိုပါနဲ့.. တိတ်တော့နော် မငိုနဲ့ ''
CZYTASZ
🄱🄴 🄼🄸🄽🄴 🖤✨ [ ᐯᗰIᑎ ] /( Completed )
FanfictionAttraction oF Hateness အမုန်းတွေမှ နူးညံ့သောချစ်ခြင်းသို့ပြောင်းလဲသွားတဲ့ ကောင်လေး နှစ်ဦး 🖤🖤🖤🖤🖤🖤🖤🖤❗ အမုန်းတွေမှ နူးညံ့သောချစ်ခြင်းသို့ပြောင်းလဲသွားတဲ့ ကောင်လေး နှစ်ဦး End_ Date ~ 2/11/2020 ZG + Unicode Vmin 🍑🐯🐥