Unicode....
Win POV
ပစစည်းတွေနေရာချ အခန်းကိုအလှဆင်ပြီး အကြောတချက်ဆန့်လိုက်ရင်း ကိုယ့်အခန်းကိုပြန်ကြည့်မိတော့ အမယ်အခန်းလေးကလှသားပဲ..
ဂွီ..ဂွီ..အမယ်လေးဗိုက်တွေဆာလိုက်တာ...ခေါက်ဆွဲတစ်ထုတ်ယူပြီး မီးဖိုချောင်ကိုထွက်လာလိုက်တယ်...
(AN:အိမ်ကအခန်းလေးတွေဖွဲ့ထားပြီး ထမင်းစားခန်းရယ်ရေချိုးခန်းရယ်ရှိပါတယ်..အခန်းကိုပဲငှားထားတာကြောင့်ရေချိုးခန်းရယ်၊ ထမင်းစားခန်းရယ်ကိုတော့တူတူမှျသုံးရပါတယ်။)
သူထမင်းစားခန်းရောက်တော့ ရေခဲသေတတာနားမှာတစ်ယောက်ယောက်မတ်တပ်ရပ်နေတာတွေ့လိုက်ပါတယ်..Win သူရဲ့လှပတဲ့ အပြုံးလေးကိုမျက်နှာမှာ ဖန်ဆင်းလိုက်တယ်..ကဲ..အခု့ ဒီလူနဲ့ရင်းနှီးအောင်လုပ်ရမယ့်အချိန်ပဲ'Hi..ဆာဝါဒီ..' လက်တစ်ဖက်မြှောက်ရင်းနှုတ်ဆက်မိတယ်..အဲ့လူကကျွန်တော်ကိုတစ်ချက်ကြည့်ပြီး ခေါင်းညိတ်ပြတယ်
' ကျွန်တော်ာနာမည် Win..အိမ်နီးချင်းအသစ်ပေါ့ ဒီနေ့ပဲပြောင်းလာတာလေ၊ အလုပ်ကတော့မရှိသေးဘူး ဒါပေမယ့် မကြာခင်အလုပ်ရတော့မှာပါ.၊ ငါအလုပ်ရရင်မင်းကိုငါရဲ့ပထမဆုံးလစာနဲ့ မုန့်လိုက်ကျွေးမယ်သိလား..မင်းအကြာင်းတွေလည်းနည်းနည်းပြောပြပါအုန်း..'
သူအကျင့်အတိုင်းပဲတွေ့တာနဲ့မနားတမ်းပြောပြီးနှုတ်ဆက်လိုက်တယ်..
အဲ့လူကတော့စကားမပြောတတ်တဲ့သူတွေ လိုပဲ ပြန်ကြည့်တယ်..
' အာာာာ...Sorry ..P'....ကျွန်တော်အရမ်းစကားများသွားတယ်မလား..ကျွန်တော်ဝါသနာကိုကစကားပြောတာလေ..ကျွန်တော်တို့ ၇ှေ့လှောက်သူငယ်ချင်းကောင်းတွေအဖြစ်နဲ့နေသွားကြမယ်နော်...'
ကျွန်တော်ကသာပြောနေတာ သူကဘာမှတောင်ပြန်မပြောဘူး...အာ...ကျွန်တော်သိပြီ..ကျွန်တော်အလိုက်ကမ်းဆိုးမသိသွားပြောမိတာပဲ..
' အို...ခေါထော့..တောင်းပန်ပါတယ်...ကျွန်တော်တကယ်တောင်းပန်ပါတယ်..တကယ်ထင်မထားဘူးမင်းက...အာ...စိတ်ထဲမထားနဲ့နော်..ကျွန်တော်ကိုခွင့်လွတ်နော်..ကျွန်တော်ကိုမုန်းမသွားနဲ့နော်..မင်းအားငယ်သွားအောင်ရည်ရွယ်တာမဟုတ်ပါဘူး...အာ..'
![](https://img.wattpad.com/cover/231039882-288-k323528.jpg)
YOU ARE READING
My Annoying Neighbor MM Translation
FanfictionBright Win Fan Fic Myanmar Translation(Zawgyi& unicode) Original writer - inuyasya 16 Credit to Inuyasya