Final (Unicode)

883 69 6
                                        

Unicode..........

ကိုယ်စိတ်ပူသလိုမျိုးမဖြစ်လာပါဘူး။ Bright ရဲ့မိတ်ဆက်ပေးမှုအဆုံးမှာတော့ ဧည့်ခန်းထဲကမိသားစုတွေအကုန်ကလက်ခုပ်တီးကြိုဆိုမှုကြောင့် ရှက်ပြီးခြေတောင်မခိုင်ခြင်ဖြစ်နေရတယ်။Bright အမေကထလာပြီး Winကိုနွေးထွေးစွာဖတ်ပြီး 

"အန်တီတို့မိသားစုကနေကြိုဆိုပါတယ် သား win" ဆိုပြီးသားလိုမျိုးပဲဆက်ဆံမှုကြောင့်တော်တော်လည်းခံစားသွားရတယ် Winကမိသားစုဆုံးသွားတာကြာသွားလို့ ဒီလိုမျိုးအမေနဲ့ဖတ်လှဲတကင်းမျိုးအရမ်းလိုချင်နေတာပါ။ကျေးဇူးပါBright ၊ပြီးတော့ မင်းမိသားစုကိုရောပဲ ငါ့ကိုဘာမှအဆိုးအကောင်းမပြော၊ ကန့်ကွတ်မှုမရှိ၊ နွေးနွေးထွေးထွေး ကြိုဆိုကြလို့.........

မိသားစုဝင်တွေအကုန်လုံးအလှည့်ကျလာဖတ်ရင်း နှုတ်ဆက်နေချိန် ရုတ်တရက်ကြီးငိုသံကြောင့်တိတ်ဆိတ်သွားရတယ်

"ပါးပါး..သားလည်း winကိုလိုချင်တယ် ..ဟီး...ဟီး.."  joss ရဲ့ငိုပြီးပြောဆိုမှုကြောင့်အကုန်လုံးပဲခဏကြောင်သွားပြီး ပြီးမှထရယ်ဖြစ်ကြတယ်။

"Hay...joss မင်းကခုမှနို့သောက်တဲ့ကလေးပဲရှိသေးတာ ကျောင်းမှာဘာတွေသင်လာတာတုန်း. "Joss အမေအံသြတကြီးနဲ့ဆူသံ

"ပါးပါး..ပါးပါးပဲသားချစ်တဲ့သူရှိလာရင် ရဲရဲဝင့်ဝင့်ပြောရဲရမယ်ဆို ပါးပါးသင်ပေးထားတာ" joss နှုတ်ခမ်းကြီးစူပြီးပြန်အော်တော့

"တယ်Joss သားသာစာကိုအဲ့လိုသေချာသင်ရင်တော်တော်လေးကောင်းမယ် အဖေနဲ့သားနဲ့တူတူပဲ" ဆိုတဲ့ joss ရဲ့အမေပြောသံကြောင့် Winရောအိမ်သားတွေ ပွဲကြလို့

Win Joss နားမှာ ဒူးထောက်ထိုင်လိုက်ပြီး မျက်ရည်သုတ်ပေးရင်း 

"သားက ကိုကို ကိုတကယ်ကြိုက်ရင် အရင်ဆုံးကြီးတဲ့ထိစောင့်ရမှာပေါ့ကွ ကြီးလာရင်သားက ကိုကိုဆီပြန်လာပြောနော်" Win ကလေးရဲ့ဆံပင်လေးတွေကိုဖွပြီးပြောလိုက်တော့

"တကယ်ပဲအဲ့လိုလုပ်လို့ရလား" Joss ရဲ့အမေးကို win ခေါင်းညိတ်ပြပြီး ကလေးစိတ်ငြိမ်သွားအောင်လုပ်ပေးလိုက်တယ်။Bright ကတော့သူ့ဆီကလုမယ့်သူပေါ်လာလို့ ဘေးမှာနှုတ်ခမ်းတစ်တောင်လောက်ထော်ထွက်နေလေရဲ့.....

===============

After dinner at Bright's room

Win အခန်းကဝရံတာမှာရပ်နေတဲ့ Bright နားကိုသွားပြီး ထူးထူးဆန်းဆန်း ထမင်းစားတည်းကတိတ်ဆိတ်လွန်းနေတဲ့ ကိုယ့်ကောင်လေးကိုစူးစမ်းနေရသေးတယ်..

"ဘီဘီ ok ရဲ့လား?.." ဘာမှပြန်မပြောဘဲ နှုတ်ခမ်းပဲ ဆူထားတဲ့ Brightကိုကြည့်ပြီး Winရယ်ချင်စိတ်ကိုထိန်းထားရင်း

"ဘီဘီ အဲ့လိုကြီးနှုတ်ခမ်းကြီးဆူထားရင် ရယ်စရာကြီးလို့ပြောထားတယ်လေ အဲ့လိုလုပ်နေတာရပ်ပြီး ဘာဖြစ်နေတာလဲပြောပြမှပေါ့" 

"ခုနကပြောလိုက်တာတကယ်စိတ်ရင်းနဲ့လား"

"ဘာကို?...."

"ခုနကမင်းပြောလိုက်တာလေ joss ကိုကြီးလာရင်ပြန်လာခဲ့ဆိုပြီး"

"မင်းစိတ်ဆိုးနေတာအဲ့တာကြောင့်လို့တော့မပြောလိုက်နဲ့နော် "ဒါပေမယ့် Bright ကတော့ခေါင်းညိတ်ပြလို့

"သူက ကလေးလေ ဘီဘီရယ် ခုနကငိုနေလို့အငိုရပ်အောင်ချော့လိုက်တာလေ ငါ့ရဲ့အချစ်တွေအားလုံးကမင်းအတွက်ပဲ ဘီဘီ" သူ့ခံစားချက်တွေကိုခံစားမိအောင်မျက်လုံးချင်းဆုံပြီးမှ ပြောပြမိတယ်။

'ဘာလို့ရုတ်တရက်ကြီးပူလာရပါလိမ့်' Bright စိတ်ထဲမှာပဲရေရွတ်မိတယ် ပြီးတော့ Winကိုပဲပြန်ပြီးကြည့်နေမိတယ်

"ဟေ့ ဘာလို့ငါ့ကိုအဲ့လိုကြီးစိုက်ကြည့်နေရတာတုန်း"  Winခုန်နေတဲ့ရင်ကို သက်သာလို့သက်သာညားစကားစပြောရတယ်Bright ကတော့ Winမျက်နှာလေးကိုလက်နှစ်ဖက်နဲ့ကိုင်လိုက်ပြီး 

"ငါမင်းကို ချစ်တယ် Metawin" Win ရင်တွေခုန်လွန်းလို့သေတော့မယ်တောင်ထင်ရတယ်..

"အွန်းငါသိပါတယ် ငါလညး်မင်းကိုချစ်တယ် အာဟုတ်ဘူး အရမ်း အရမ်းကို ချစ်တယ်" 

"ငါမင်းကိုနမ်းလို့ရမလား" Bright မေးလိုက်တော့

"မေးစရာလိုသေးလို့လား ငါကမင်းအပိုင်ပဲဟာ" Bright သူ့ရဲ့နှုတ်ခမ်းတွေကို Winရဲ့နှုတ်ခမ်းတွေမှာ ဖိကပ်လိုက်ပြီး တဖြည်းဖြည်းနဲ့ညိမ့်ငြောင်းတဲ့အနမ်းယဥ်ကျော ရှည်မှာနှစ်ဦးသားမမောနိုင်မပမ်းနိုင်ကူးခပ်ရင်း.......................................................


နောက်ဆုံးတော့ပြီးသွားပါပြီနော် အဆုံးထိ update ကြာတာတောင်စောင့်ဖတ်ပေးကြလို့ကျေးဇူးများကြီးတင်ပါတယ်နောက်fic တွေရော ဆက်တင် သင့်လားတောင်သိတော့ဘူး ကိုယ်ကအပျင်းကြီးတော့

love you all............

My Annoying Neighbor MM TranslationWhere stories live. Discover now