ZawGyi.....
ရက်အနည်းငယ်ကြာသော်
Win က Tay ရဲ့အခန်းမှာ
ဟိုတလောဖြစ်ခဲ့တဲ့သူ့ရဲ့အကြာင်းတွေပြန်ရှင်းပြနေတာ
"ငါပြောသားပဲမင်းကိုအဲ့ကောင်တခုခုပဲလို့ ငါထင်ရင်လွဲခဲပါတယ် အဲ့ကောင်ကိုစတွေ့ထဲက စိတ်ထင့်နေတာ" Tay ကတော့ခုမှသိပြီးတကယ်ဒေါသထွက်ရပါတယ် Win ကတော့အသံတိတ်လျက်
"Bright ရှိလို့တော်သေးတာပေါ့ သူသာမရှိရင်မတွေးရဲစရာပဲနော် ဒါနဲ့ဆိုမင်းကို Bright ကယ်တာနှစ်ခါရှိပြီပေါ့"
ဟုတ်ပါတယ် ဟိုတခါ ဧည့်ခန်းက ကိစ္စကို Tay ပြောလို့ Win အကုန်သိပြီးပါပြီ
"နေပါဦး အာ့ဆိုမင်းကအဲ့ကတည်းကသူစကားပြောတတ်မှန်းသိတယ်ပေါ့"
"Omm..အဲ့တုန်းကသိလိုက်တာ၊ငါသူ့အသံကြားတုန်းကယုံတောင်မယုံနိုင်ဘူး.တော်သေးတာပေါ့သူ့ကိုလက်ဟန်ခြေဟန်တွေနဲ့သွားမပြောလို့ မဟုတ်ရင်ငါ့ကိုဆွဲထိုးနေအုန်းမယ်"
"တေတေ အာ့ကိုငါ့ကိုဘာလို့မပြောပြတာလဲ Win နှုတ်ခမ်းကြီးကို တတောင်လောက်ထော်ပြီးပြောလိုက်တယ်"
"ဟင်မင်းကမသိသေးဘူးလား"
"အွန်း ဟိုတနေ့က ဟိုကောင်စုတ်ကိုအော်တော့မှငါသိတာ"
"ငါကမင်းသိပြီးသားထင်နေတာ" Tay အံသြတကြီးပြန်ဖြေလိုက်တယ်
"ရပါတယ် သူ့ကိုငါစိတ်မဆိုးဘူး သူ့စကားပြောနိုင်တယ်ဆိုတော့ငါဝမ်းသာပါတယ် ဒီအတောအတွင်းမှာ သူ့ကိုသနားသလိုဆက်ဆံခဲ့တာတွေကိုရှက်လိုက်တာကွာ"
"အေးကွာ သူအဲ့လိုမျိုးဒေါသထွက်တာကိုခုပထမဆုံးတွေ့ဖူးတာပဲ သူကအမြဲလိုလိုဘာသိဘာသာပဲနေတတ်တော့ ငါတောင်သူ့ကိုစကားမပြောရဲဘူး"
"ဟင်သူကအဲ့လိုမဟုတ်ပါဘူး တကယ်ကြင်နာတတ်တဲ့ကောင်ဟ သူကချစ်ဖို့လဲကောင်းတယ်" Win စိတ်ကူးယဉ်ကမ္ဘာလေးထဲရောက်နေသလိုပြုံးပြီးပြောနေလို့......
"မင်းသူ့ကိုချစ်ဖို့ကောင်းတယ်လို့ပြောလိုက်တာလား" Tay မယုံနိုင်စွာမေးလိုက်တော့
"အွန်းလေ သူကအပြင်ပန်းသာအေးစက်စက်နိုင်တာပါ စိတ်ထားလေးက နွေးထွေးတယ်"Tay Win ပြုံးပြီးကြည့်လိုက်ပြီး
YOU ARE READING
My Annoying Neighbor MM Translation
FanficBright Win Fan Fic Myanmar Translation(Zawgyi& unicode) Original writer - inuyasya 16 Credit to Inuyasya