My Boy (Unicode)

744 73 3
                                    

Unicode......

"ဟေး.တေးတေးဘာတွေလုပ်နေတာလဲ" win ထမင်းစားခန်းထဲအပြေးလာရင်းမေးလိုက်တယ်...

"တေးတေး?..."Tay နားကြားများမှားတာလားလို့ပြန်မေးမိတာပါ..

"မင်းရဲ့ nickname လေးလေ ဘယ်လိုလဲမိုက်တယ်မလား မင်းစိတ်မဆိုးဘူးမလား အဲ့လိုပဲခေါ်တော့မယ်နော်.."

"အင်...အင်း ရပါတယ်..ထူးတော့ထူးဆန်းနေသလားလို့...အော် ဒါနဲ့ငါ မုန့်လုပ်နေတာ ပန်းကန်ယူလိုက် မင်းကိုထည့်ပေးမယ်..."

"ဟေးးးး...တေးတေးကအကောင်းဆုံးပဲ."

.win ခုန်ဆွခုန်ဆွနဲ့ ပန်းကန်တစ်ချပ်လှမ်းယူပြီး Tay ကိုပေးလိုက်တယ်." Tay ကတော့ Win ရဲ့ ကလေးဆန်တာလေးတွေကိုကြည့်ပြီး ရယ်နေမိတယ်...

"ဒါနဲ့ တေးတေးခုတလောဘယ်တွေသွားနေတာလဲ မတွေ့မိသလိုဘဲ " win မုန့်တွေကိုအကြည့်မလွဲဘဲမေးလိုက်တယ်..

"ဟုတ်တယ် ဒီရက်ပိုင်းအလုပ်ကိစစ ကြောင့်ပြန်မလာဘဲ အပြင်မှာဘဲနေဖြစ်နေလို့.."

win အတွက်မုန့်ထည့်ပေးနေရင်းပဲ ပြန်ဖြေလိုက်တယ်..ဒါပေမယ် သူ့ကိုမကြည့်ဘဲ မုန့်ပန်းကန်ကိုသာ သည်းကြီးမည်းကြီးကြည့်နေတဲ့ Win ကိုမြင်တော့ရယ်မိသွားတယ်Win မင်းတကယ် ချစ်ဖို့ကောင်းတာပဲ...


"ဒါနဲ့ win မင်းအခန်းရှေ့ကအသစ်ရောက်တဲ့ အသစ်ကိုတွေ့ပြီးပြီလား?..."

"ဟင်အင့်..သိဘူး အသစ်ရောက်နေတာလား?...""Omm...မနေ့ကညမှရောက်တာ"

"အော်ကောင်းတာပေါ့ အသစ်တွေ ရောက်လာတာငါတော့ပျော်တယ်.."ဒါပေမယ့် မျက်မှောင်ကြီးကြုတ်နေတဲ့ Tay ကြောင့် .

"မင်းကလူတွေများလာတာမကြိုက်ဘူးလား..?.."

"အင်း..အဲ့လိုတော့ မဟုတ်ပေမယ့် အသစ်ရောက်လာတဲ့ကောင်ကတစ်မျိုးပဲ ငါအပေါ်ဆက်ဆံတာထူးဆန်းနေသလိုပဲ.."

"ဟင်..ဘယ်လိုထူးဆန်းနေလို့လဲ.."

"အင်..ပြောတော့မပြောတတ်ဘူးကွာ ဒါပေမယ့်စိတ်ထဲမှာတော့သိတယ် ထူးဆန်းနေတဲ့ဆိုတာ...ဘာပဲဖြစ်ဖြစ်မင်းသူနဲ့တွေ့ရင် သတိတော့ထားနော်.."

My Annoying Neighbor MM TranslationWhere stories live. Discover now