Zawgyi..............
Bright က Win ကိုတင်းကျပ်စွာဖတ်ထားရင်းနဲ့ပဲ အိပ်ယာပေါ်မှာအိပ်နေကြတယ်။
"မင်းမွေးနေ့ပွဲကိုအပြင်မထွက်လို့အဆင်ပြေပါ့မလား Bright"
"အပြင်မှာဆူညံပြီးလူအများကြီးတွေနဲ့နေရာမှာထက်မင်းနဲ့ဒီလိုလေးပဲနေချင်တာ" Bright သူ့ရဲ့နှာခေါင်းလေးကို Win ရဲ့လည်ပင်းနားဖိကပ်လိုက်ရင်းပြောလိုက်တယ်
"ဟီ..အဲ့လိုမလုပ်နဲ့ဟ ငါယားတယ်" Win ယားသွားတာကြောင့် တဟီဟီနဲ့ရယ်ရင်း ပြောလိုက်တယ်
"မင်းကငါပိုလုပ်ချင်အောင်ဆွဲဆောင်နေသလိုပဲ" Bright Win ကိုပြီတီတီကြည့်ရင်းပြောလိုက်တော့
"မင်းထပ်လုပ်ရင် မင်းကိုယားအောင်ပြန်လုပ်မှာနော်" win သူ့လည်ပင်းနားကိုတဖြည်းဖြည်းကပ်လာတဲ့ Bright မျက်နှာကို မနာအောင်တွန်းလိုက်ရင်းပြောလိုက်တယ်
Bright က စနေတာကိုရပ်လိုက်ပြီး
"မင်းနဲ့ငါနဲ့ကခုချစ်သူတွေဖြစ်သွားပြီဆိုတော့ မင်းငါ့အခန်းကိုပြောင်းလာနေပါလား မင်းအခန်းခလည်းပေးစရာမလိုတာပေါ့" Bright ရဲ့စကားကြောင့် Win သူ့ကိုဖတ်ထားတဲ့လက်တွေထဲကရုန်းလိုက်ပြီး ထထိုင်လိုက်တယ်
"မင်းငါ့ကိုဘယ်လောက်ထိအကြွေးထူအောင်လုပ်နေတာလဲ" Win ရယ်ရယ်မောမောပြောလိုက်တာပေမယ့် သူ့စိတ်ရင်းအမှန်နဲ့ပြောလိုက်တာပါ သူဒီထက်ပိုပြီးသူ့အပေါ်ကိုမမှီခိုချင်တော့ဘူး အားနာလှပြီလေ
"အကြွေးထူအောင်လုပ်တာမဟုတ်ပါဘူး ခုမင်းကငါ့လူဖြစ်သွားပြီမို့ငါတာဝန်ယူချင်ရုံပါ" Bright ရဲ့စကားကြောင့် win တော်တော်ပျော်သွားတာပါ အပျော်တွဲတာမဟုတ်ပဲ သူ့ကိုအလေးအနက်ထားပေးတာမို့ပိုချစ်ရပါတယ် Bright
Bright ရဲ့ပါးလေးကိုဖျတ်ခနဲဖိကပ်နမ်းလိုက်တယ်
"မင်းထပ်နမ်းချင်အုန်းမယ်လို့ထင်လို့" ပြောရင်း win ကိုကုတင်ပေါ်လှဲချလိုက်ပြီးအပေါ်ကအုပ်မိုးလိုက်တယ်
Win က bright ရဲ့ လည်တိုင်တွေကိုလက်နဲ့သိုင်းဖတ်လိုက်ပြီး တစ်ယောက်ဝင်လေထွက်လေကိုသိရှိနေရတဲ့အနေအထားမို့Bright တော်တော်အံသြသွားရတယ် ရုတ်တရက်ကြီး ဒီကောင်လေးကလူကိုတော်တော်ကပ်နေတာမို့
![](https://img.wattpad.com/cover/231039882-288-k323528.jpg)
YOU ARE READING
My Annoying Neighbor MM Translation
FanfictionBright Win Fan Fic Myanmar Translation(Zawgyi& unicode) Original writer - inuyasya 16 Credit to Inuyasya