ငမူးလေး Win(Unicode)

720 69 3
                                    

Unicode

ရက်အနည်းငယ်ကြာသော်

Win က Tay ရဲ့အခန်းမှာ......

 ဟိုတလောဖြစ်ခဲ့တဲ့သူ့ရ့ဲအကြာင်းတွေပြန်ရှင်းပြနေတာ

"ငါပြောသားပဲမင်းကိုအဲ့ကောင်တခုခုပဲလို့ "

"ငါထင်ရင်လွဲခဲပါတယ် အဲ့ကောင်ကိုစတွေ့ထဲက စိတ်ထင့်နေတာ" Tay ကတော့ခုမှသိပြီးတကယ်ဒေါသထွက်ရပါတယ် Win ကတော့အသံတိတ်လျက်

"Bright ရှိလို့တော်သေးတာပေါ့ သူသာမရှိရင်မတွေးရဲစရာပဲနော် ဒါနဲ့ဆိုမင်းကို Bright ကယ်တာနှစ်ခါရှိပြီပေါ့" ဟုတ်ပါတယ် ဟိုတခါ ဧည့်ခန်းက ကိစကို Tay ပြောလို့ Win အကုန်သိပြီးပါပြီ

"နေပါဦး အာ့ဆိုမင်းကအဲ့ကတည်းကသူစကားပြောတတ်မှန်းသိတယ်ပေါ့ "

"Omm..အဲ့တုန်းကသိလိုက်တာ၊ ငါသူ့အသံကြားတုန်းကယုံတောင်မယုံနိုင်ဘူး.တော်သေးတာပေါ့သူ့ကိုလက်ဟန်ခြေဟန်တွေနဲ့သွားမပြောလို့ မဟုတ်ရင်ငါ့ကိုဆွဲထိုးနေအုန်းမယ်"

"တေတေ အာ့ကိုငါ့ကိုဘာလို့မပြောပြတာလဲ"  Win နှုတ်ခမ်းကြီးကို တတောင်လောက်ထော်ပြီးပြောလိုက်တယ်

"ဟင်မင်းကမသိသေးဘူးလား"

"အွန်..း ဟိုတနေ့က ဟိုကောင်စုတ်ကိုအော်တော့မှငါသိတာ"

"ငါကမင်းသိပြီးသားထင်နေတာ" Tay အံသြတကြီးပြန်ဖြေလိုက်တယ်

"ရပါတယ် သူ့ကိုငါစိတ်မဆိုးဘူး သူ့စကားပြောနိုင်တယ်ဆိုတော့ငါဝမ်းသာပါတယ် ဒီအတောအတွင်းမှာ သူ့ကိုသနားသလိုဆက်ဆံခဲ့တာတွေကိုရှက်လိုက်တာကွာ"

" အေးကွာ သူအဲ့လိုမျိုးဒေါသထွက်တာကိုခုပထမဆုံးတွေ့ဖူးတာပဲ သူကအမြဲလိုလိုဘာသိဘာသာပဲနေတတ်တော့ ငါတောင်သူ့ကိုစကားမပြောရဲဘူး"

"ဟင်...သူကအဲ့လိုမဟုတ်ပါဘူး တကယ်ကြင်နာတတ်တဲ့ကောင်ဟ သူကချစ်ဖို့လဲကောင်းတယ်"  Win စိတ်ကူးယဥ်ကမာလေးထဲရောက်နေသလိုပြုံးပြီးပြောနေလို့......

"မင်းသူ့ကိုချစ်ဖို့ကောင်းတယ်လို့ပြောလိုက်တာလား" Tay မယုံနိုင်စွာမေးလိုက်တော့

My Annoying Neighbor MM TranslationWhere stories live. Discover now