Unicode
Chancellor ကခေါ်တယ်ဆိုလို့ ရိပေါ်နဲ့ ဖန်ရှင်း chancellor office ကို သွားနေကြသည်။ ၂ ယောက်စလုံးရင်တထိတ်ထိတ်။ သူတို့ ဘာအပြစ်လုပ်မိလေသနည်း။ လာခေါ်ခိုင်းတဲ့ staff ကိုမေးတော့လည်း ဆရာကြီးက သူတို့ ၂ ယောက်နာမည်ပြောပြီး သွားခေါ်ခိုင်းတာကလွဲပြီး သူလည်း ဘာမှမသိ ဟု ဆိုလေတော့ ၂ ယောက်သား ပို လို့ စိုးရွံ့လာကြသည်။
သူတို့ ၂ ယောက် ရုံးခန်းထဲဝင်လာတော့ ဆရာကြီးတစ်ယောက်တည်းမဟုတ်ဘဲ သူတို့မသိတဲ့ အခြားသူစိမ်း ၃ ယောက်ပါရှိနေသည်။ ဆရာကြီးရဲ့ ဘယ်ဖက်ခုံမှာ တစ်ယောက်ထိုင်နေပြီး ထိုလူကို မြင်ဖူးသယောင်ရှိပေမယ့် သေချာတော့ မမှတ်မိနေ။ ညာဖက်ခြမ်းခုံမှာတော့ နောက်ထပ် ၂ ယောက် ထိုင်နေသည်။
"ဆရာကြီး ကျွန်တော်တို့ ရောက်ပါပြီခင်ဗျ"
"ဝမ်ရိပေါ်နဲ့ ကျန်းဖန်ရှင်း .. လာ ... ထိုင်ဦးကွာ တပည့်တို့"
သူတို့ ၂ ယောက် လည်း ဆရာကြီးနဲ့ မျက်နှာချင်းဆိုင်ခုံမှာ ဝင်ထိုင်လိုက်ကြသည်။
"သူတို့က MY Group က လူကြီးမင်းတွေပဲ။ သူက ဥက္ကဌချောင်မာရီရဲ့ အတွင်းရေးမှူး လီယွင်ရှန်းပဲ။ သူ့ကိုတော့ တပည့်တို့မှတ်မိမှာပါ။ ဟောပြောပွဲနေ့က ဥက္ကဌချောင်နဲ့အတူ ပါလာတယ်လေ"
ဒီတော့မှ ရိပေါ် ထိုလူကို မြင်ဖူးသလိုရှိတာ ချောင်မာရီရဲ့ အတွင်းရေးမှူးဖြစ်နေသည်။
"MY entertainment က တပည့်တို့ ၂ ယောက်ကို audition ဖြေစရာမလိုဘဲ idol အဖြစ် လေ့ကျင့်ပေးဖို့ လာကမ်းလှမ်းတာပဲ"
"ဗျာ..."
ဖန်ရှင်းက အလန့်တကြား ထ အော်ပြီးမှ သတိနဲ့ပြန်ထိန်းလိုက်သည်။ ရိပေါ်လည်း အတော်အံ့ဩသွားသည်။
"ဘာလို့ ကျွန်တော်တို့ ၂ ယောက်မှလဲ ခင်ဗျ"
ရိပေါ် မေးခွန်းအဆုံး လီယွင်ရှန်း ဆိုတဲ့ အတွင်းရေးမှူးက ပြုံးလျက်
"နောက်ဆုံးနှစ် ကျောင်းသားတွေရဲ့ အနုပညာတင်ဆက်မှုပရိုဂရမ်လေးတွေကို ဆရာကြီးက ကျွန်တော်တို့ကို ပြထားပါတယ်။ အဲ့ဒီထဲကမှ ဝမ်ရိပေါ်နဲ့ ကျန်းဖန်ရှင်းတို့ သရုပ်ဆောင်ထားတဲ့ 15 minutes show ကို ကျွန်တော်တို့ ဥက္ကဌချောင်က သဘောကျပြီး အခုလို ကမ်းလှမ်းလာတာပါ။ ဥက္ကဌ က အလားအလာရှိတဲ့ လူငယ်တွေလို့ ယုံကြည်ပြီး ကျွန်တော်တို့ entertainment ကနေ idol အဖြစ်မွေးထုတ်ပေးသွားချင်လို့ပါ"
YOU ARE READING
Rainbow (သက်တန့်) (Completed)
FanfictionUnicode ကိုကိုကလေ ကျွန်တော့်အတွက် သက်တန့်တစ်ခု.. ဘယ်တော့မှ နီးစပ်ခွင့်မရနိုင်မှာ ကို စိုးကြောက်ခဲ့ရတယ်။ (ဝမ်ရိပေါ်) ကိုကို့ရဲ့ သက်တန့်ရောင်စဉ်တွေက ပေါက်စလေးတစ်ယောက်တည်းကိုပဲ ဖြန့်ကျက်ထားတယ်ဆိုတာ အခု သိပြီလား။ (ရှောင်းကျန့်) Zawgyi ကိုကိုကေလ ကြၽန္ေတ...