R 26

18.5K 1.6K 92
                                    

Unicode

"သတိရလာပြီလား ရိပေါ်"

"ဦးက ဘယ်သူလဲ"

ချောင်မာရီ က တအံ့တဩဖြစ်သွားပြီး ဆရာဝန်ဆီ အကြည့်ရောက်သွားသည်။

"ဦးတို့က ဘယ်သူတွေလဲ။ ပါးနဲ့မားရော ၊ မမရော ဘယ်မှာလဲ ... ဟီး အီး ဟီး"

ပြောပြီးတာနဲ့ ရိပေါ်က ရှိုက်ကြီးတငင်ကို အော်ငိုတော့သည်။

ဆရာဝန်က တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့်

"သား နေမကောင်းဖြစ်နေလို့  ဦးတို့က သားကို ဆေးကုပေးတာပါ။ သားရဲ့ ပါးနဲ့ မားလည်း ခဏနေ ရောက်လာမှာနော်။ "

ရိပေါ်က မျက်ရည်တွေကျ လျက် တအင့်အင့် ရှိုက်နေရင်းက စူပုပ်ပုပ်လေး မော့ကြည့်လာသည်။

"သား နာမည်လေး ဦးကိုပြောပါလား သား"

ဖော်ရွေအပြုံးနဲ့ ချိုချိုသာသာမေးနေသော ဆရာဝန်ကို ရိပေါ်က ကြည့်ပြီး

"သားနာမည်က ဝမ်ရိပေါ် ..."

နာမည်ကို မှန်အောင်ပြောနိုင်နေတာမို့ ဆရာဝန်က နောက်ထပ်မေးခွန်းတစ်ခု ကို ဆက်မေးလိုက်သည်။

"သား အသက်ကရော ဘယ်နှစ်နှစ်လဲ။ သား ဘယ်နှစ်တန်းတက်နေတာလဲ ဦးကို ပြောပြပါလားကွ"

"သားအသက်က ၈ နှစ်။ သားက မူလတန်းပထမနှစ် တက်နေပြီလေ"

ရိပေါ်ရဲ့ အဖြေအဆုံးမှာ ချောင်မာရီနဲ့ အတွင်းရေးမှူးလီက ဘာစကားမှမပြောနိုင်တော့ဘဲ ပါးစပ်အဟောင်းသားဖြစ်သွားကြတော့သည်။

"မားတို့က ဘာလို့မရှိရတာလဲ။ အိမ်ပြန်မယ်။ သားကို အိမ်ပြန်ပို့ပေး .... ဟီး.. အီးး"

အော်ဟစ်ငိုယိုပြီး ထ ပြေးလေတဲ့ ရိပေါ်ကို လက်ထောက်ဆရာဝန်တွေနဲ့ သူနာပြုတွေက ဝိုင်းဆွဲထားကြသည်။ မေ့ဆေး ဆရာဝန်က ဆေးတစ်လုံး ထိုးပေးလိုက်ခါမှ ရိပေါ်က ဖြည်းဖြည်း ချင်းငြိမ်ကျသွားတော့သည်။

ချောင်မာရီကတော့ မျက်စိရှေ့ ဖြစ်ပျက်သွားတဲ့ အခြေအနေတွေကို ခုထိ နားမလည်နိုင်သေးပေ။

"ချောင်ဥက္ကဌ ... လူနာရဲ့ ရောဂါအခြေအနေအကြောင်း ဆွေးနွေးကြရအောင်လား"

Rainbow (သက်တန့်) (Completed)Donde viven las historias. Descúbrelo ahora