Unicode
ရှောင်းကျန့်က ရှန်ဟိုင်းကို အလုပ်ကိစ္စနဲ့ရောက်နေသလို ရိပေါ်ကလည်း ဒီတစ်ခေါက် ရိုက်ကူးရေးက ရှန်ဟိုင်းမှာ ဖြစ်လေသည်။ အားလပ်ချိန်ရယ်လို့ သီးသန့်မရှိတဲ့ သူတို့ နှစ်ယောက်အတွက် အလုပ်ကိစ္စ အတွက် သွားရင်းလာရင်း နဲ့ပဲ အချိန်ကို ရအောင်ယူပြီး date လုပ်ကြရလေသည်။
ရိပေါ်ရဲ့ ရိုက်ကူးရေးက မနက်ပိုင်းမှာတင် ပြီးသွားခဲ့တာကြောင့် ရုပ်သံက အဖွဲ့တွေနဲ့အတူ ပြန်လိုက်မသွားဘဲ ရိပေါ်ကို လာကြိုတဲ့ လုံယဲ့ကောနဲ့ ပါလာသည်။ ကိုကို အစည်းအဝေးလုပ်နေတဲ့ ရှောင်းလုပ်ငန်းစုရဲ့ ရှန်ဟိုင်းရုံးခွဲကို ရောက်တော့ ရုံးခန်းထဲကနေပဲ ကိုကို့ကို ထိုင်စောင့်နေလိုက်သည်။
ပေကျင်းရုံးချုပ်က ကိုကို့ရဲ့ ရုံးခန်းကိုတော့ ရိပေါ်က မကြာခဏ ရောက်လေ့ရှိပေမယ့် ရှန်ဟိုင်းရုံးခွဲကိုတော့ အခုမှ ရောက်ဖူးခြင်းပင်။ ပြီးခဲ့တဲ့နှစ်က Science museum ဖွင့်ပွဲကို ရိပေါ်က ကိုကိုနဲ့အတူ လိုက်လာခဲ့ဖူးပေမယ့် ဖွင့်ပွဲအခမ်းအနားပြီးတာနဲ့ ချက်ချင်း တန်းပြန်လာခဲ့ကြတာမို့ ရုံးခန်းထဲထိ မရောက်ဖြစ်ခဲ့ပေ။
ကိုကို့ကို စောင့်နေရင်း ရုံးခန်းထဲရှိသမျှ အရာရာကို ရိပေါ်က လိုက်ကြည့်နေမိသည်။ ကိုကို ထိုင်အလုပ် လုပ်တဲ့ office table နဲ့ ခုံရဲ့ နောက်က နံရံမှာ တော့ ကိုကိုတို့ ရှောင်းမျိုးဆက်ရဲ့ ကနဦး ရှောင်းဘိုးဘိုးရဲ့ ပုံတူပန်းချီကားကို ချိပ်ဆွဲထားလေသည်။ ဒါကတော့ ရှောင်းလုပ်ငန်းစုရုံးချုပ်ရှိရာ ပေကျင်းက ရုံးခန်းမှာရော ၊ တစ်ခြားသော ရုံးခွဲတွေရဲ့ ရုံးခန်းတွေမှာလည်း ဒီလိုပဲ ပုံစံတူ မပြောင်းမလဲ ရှောင်းဘိုးဘိုးရဲ့ပန်းချီကားကို ချိပ်ဆွဲထားလေ့ရှိသည်။
စားပွဲပေါ်မှာတော့ ပေကျင်းရုံးချုပ်မှာ ကဲ့သို့ပင် ကိုကိုနဲ့ရိပေါ်တို့နှစ်ယောက်ပုံ Album အပြင် ရိပေါ် တစ်ယောက်တည်းပုံ Album လေးကို ပါ ထောင်ထားလေသည်။ ရိပေါ်က ဓါတ်ပုံလေးတွေကို အသာထိတွေ့ကြည့်ရင်း ကြည်နူးစွာ ပြုံးလိုက်မိသည်။ XZ Channel က ရိပေါ်ရဲ့ private room က work table ပေါ် မှာလည်း ကိုကိုနဲ့ သူ့ရဲ့ နှစ်ယောက်တွဲပုံရော ၊ ကိုကို့တစ်ယောက်တည်းပုံရော ထား ထားတာမို့ ပုံစံတူအခြေအနေကို ရိပေါ်က ကျေနပ်နေတော့သည်။
YOU ARE READING
Rainbow (သက်တန့်) (Completed)
FanfictionUnicode ကိုကိုကလေ ကျွန်တော့်အတွက် သက်တန့်တစ်ခု.. ဘယ်တော့မှ နီးစပ်ခွင့်မရနိုင်မှာ ကို စိုးကြောက်ခဲ့ရတယ်။ (ဝမ်ရိပေါ်) ကိုကို့ရဲ့ သက်တန့်ရောင်စဉ်တွေက ပေါက်စလေးတစ်ယောက်တည်းကိုပဲ ဖြန့်ကျက်ထားတယ်ဆိုတာ အခု သိပြီလား။ (ရှောင်းကျန့်) Zawgyi ကိုကိုကေလ ကြၽန္ေတ...