Unicode
တစ်နေရာ အရောက်မှာတော့ ကားက ထိုးရပ်သွားသည်။ ကိုကိုက ကားပေါ်က ဆင်းသွားသလို ရိပေါ်ဘက်က ကားတံခါးကိုလည်း ဆွဲဖွင့်လိုက်သည်။
"ဝမ်ရိပေါ် ... ဆင်း"
ရိပေါ် အလျင်အမြန်ပင် ခါးပတ်ကို ဆွဲဖြုတ်ပြီး ကားပေါ်က ဆင်းလိုက်သည်။ ရိပေါ် အပြင်ရောက်တာနဲ့ ကိုကိုက ကားတံခါးကို ဆောင့်ပိတ်လိုက်သည်။ အသံက ခပ်အုပ်အုပ်သာ ထွက်သွားပေမယ့်လည်း ထိတ်လန့် တုန်တက်သွားတဲ့ ရိပေါ်က ကိုကို့ကို မဝံ့မရဲ ကြည့်နေမိသည်။
ကိုကိုက ကုတ်အင်းကျီကြယ်သီးကို ဖြုတ်ပြီး ခါးထောက်လျက် သူ့ကို ကျောပေးပြီး ရပ်နေသည်။ ဒေါသတွေကို လျှော့ချနေတာလား၊ စိတ်ကိုတည်ငြိမ်အောင် ကြိုးစားနေတာလား ရိပေါ် သေချာမသိနိုင်။
သူတို့ နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုက နေရာယူသွားပြန်သည်။
ရိပေါ် ရောက်နေတဲ့ ပတ်ဝန်းကျင်ကို အသာ မျက်စိ ဝေ့ ဝဲ ကြည့်လိုက်သည်။ သဲသောင် ကမ်းခြေ လို အသေးစား view point နေရာ တစ်ခုပင်။ သူတို့နဲ့ အတော်ဝေးဝေးတွေမှာ ကား တစ်စီးစ နှစ်စီးစ ရပ်ထားတာကလွဲပြီး လူသူအတော်ပြတ်တဲ့အနေအထားမျိုးဖြစ်သည်။ အချိန်ကလည်း ည ၁၁ နာရီ ကျော်နေပြီကိုး။
လေက တဟူးဟူးတိုက်နေတာကြောင့် ရိပေါ် ပခုံးလေးကို အသာကျုံ့ပြီး လက်နှစ်ဖက်ကို တင်းတင်းလေး ပိုက်လိုက်သည်။ ကိုကိုက ရုတ်တရက် သူ့ဖက် လှည့်လာတာကြောင့် ရိပေါ် သတိအနေအထား ပြန်ဖြစ်သွားသည်။
ရှောင်းကျန့် သူ့ရှေ့က အေးလာလို့ လက်ကလေးပိုက်ပြီး ထိတ်လန့်စွာ သူ့ကို ပြူးကြောင်ကြောင်လေး ကြည့်နေတဲ့ အကောင်ပေါက်လေးကို စိုက်ကြည့်လိုက်သည်။ ဒေါသတွေကို မနည်းလျှော့ချနေရတာဖြစ်သည်။ သူ အရောက်မြန်ပေလို့သာပေါ့။ နည်းနည်းသာ ခြေတစ်လှမ်းနောက်ကျ ခဲ့ပါလျှင် သူ ဆက်မတွေးချင်တော့။ ဘယ်လိုပဲ ဒီကောင်လေးမှာ အပြစ်မရှိဘူး ဆိုပေမယ့် လည်း ရှောင်းကျန့်ကတော့ ခုထိ စိတ်အလိုမကျဖြစ်ရသည်။
ညနေက အင်တာနက်ပေါ်တက်လာတဲ့ ချောင်မာရီနဲ့ ရိပေါ်ရဲ့ ၂ ယောက်တွဲပုံတွေကြောင့် သူ ပူထူသွားခဲ့ရသည်။ ယွီပင်းတို့ နည်းပညာအဖွဲ့အကူအညီနဲ့ သတင်းတွေ ချက်ချင်းပိတ်နိုင်ခဲ့လို့သာ မပြန့်သွားတာဖြစ်သည်။
YOU ARE READING
Rainbow (သက်တန့်) (Completed)
FanfictionUnicode ကိုကိုကလေ ကျွန်တော့်အတွက် သက်တန့်တစ်ခု.. ဘယ်တော့မှ နီးစပ်ခွင့်မရနိုင်မှာ ကို စိုးကြောက်ခဲ့ရတယ်။ (ဝမ်ရိပေါ်) ကိုကို့ရဲ့ သက်တန့်ရောင်စဉ်တွေက ပေါက်စလေးတစ်ယောက်တည်းကိုပဲ ဖြန့်ကျက်ထားတယ်ဆိုတာ အခု သိပြီလား။ (ရှောင်းကျန့်) Zawgyi ကိုကိုကေလ ကြၽန္ေတ...