Unicode
(Warning နည်းနည်းလောက် ပေးပါရစေ။ အရမ်းကြီးတော့ မကြမ်းထားဘူးထင်တာပါပဲ။ ဒါပေမယ့် warning မပေးဘဲထားရင် Rainbow ကို တောက်လျှောက် ခပ်ငြိမ့်ငြိမ့်လေးဖတ်လာနေရာကနေ ရုတ်တရက်အပြောင်းအလဲမှာ လန့်သွားကြမှာစိုးလို့ပါ။ ဖတ်ရတာအဆင်မပြေဖြစ်သွားစေမိရင် တောင်းပန်ပါတယ်ရှင်။)
———————————————
တစ်အောင့်လောက်ကြာတဲ့အထိ ဘာမှ လှုပ်ရှားမှု မရှိဘဲ ငြိမ်သက်သွားသည်။ ရိပေါ်က အတင်းမှိတ်ထားတဲ့ မျက်လုံးလေးတွေကို ဖြည်းဖြည်းချင်းဖွင့်ကြည့်လိုက်တော့ သူ့ကို ပြုံးလျက်စိုက်ကြည့်နေတဲ့ ကိုကို့ကို မြင်လိုက်တဲ့အခိုက် ရိပေါ် ရှက်သွားရပြန်တော့သည်။
"လိမ္မာတယ် ရိပေါ်။ ကိုယ်ကြားချင်တာကို ဖြေပေးလို့ ကျေးဇူးတင်တယ်။ ကိုယ်ကလည်း သိပ်ချစ်တာကို သိထားပေး။ You are my boy, baby. "
ကိုကို့စကားကြောင့် ရိပေါ် ရှက်စွေးစွေးလေးနဲ့ မျက်လွှာပြန်ချလိုက်မိသည်။
အခုထိ ကားရှေ့ဖုံးပေါ်မှာ ကိုကို့ရင်ခွင်ထဲမြှုပ်နေတဲ့အခြေအနေမို့ ရိပေါ်က အသာကုန်းထရန်ပြင်လိုက်သည်။ ကိုကိုက ရိပေါ်ကို ပြန်ဖိချရင်း ရိပေါ်ရဲ့ နဖူးပြင်၊ မျက်ခွံဖောင်းမို့မို့၊ နှာတံ၊ ပြီးတော့ နှုတ်ခမ်းဖူးတွေကို တစ်ခုချင်းစီ တို့ထိနေရင်း ကိုကို့ အကြည့်တွေက ရီဝေဝေဖြစ်လာတော့သည်။
ကိုကိုက ရိပေါ်ရဲ့ jaw line တစ်လျှောက် အသာ ပွတ်သပ်နေရင်းက မေးဖျားကို အသာပင့်မလို့ မျက်နှာပြင်အနှံ့ အမဲဖျက်သလို အတင်း နမ်းရှိုက်ပစ်လာတော့သည်။
ပါးဖောင်းဖောင်းတွေနဲ့ နှာထိပ်လုံးလေးကို ရှောင်းကျန့် က စိတ်မထိန်းနိုင်စွာ ငုံခဲ ကိုက်ဖဲ့ပစ်တော့သည်။
"အ... ကို ကို"
သူ့ကို တ ရင်း ငြီးလာတဲ့ အသံလေးကြောင့် နှုတ်ခမ်းဖူးလေးတွေကို ဆွဲငုံပစ်လိုက်သည်။ ခပ်ဖွဖွငုံထားရင်းက နေ ခပ်ကြမ်းကြမ်း ဖိကိုက်လိုက်သည်။
ဘယ်လိုတုန့်ပြန်ရမှန်းမသိတဲ့ ရိပေါ်က ယောင်နနလေးဖြစ်နေတုန်းမှာပဲ သူ့ခံတွင်းထဲ မြွေတစ်ကောင်လို လျှောခနဲတိုးဝင်လာတဲ့ ကိုကို့လျှာဖျားက ရိပေါ်ရဲ့ လျှာနီတာရဲလေးကို အတင်း လိမ်ယှက် ဆွဲမွှေလေတော့သည်။
BINABASA MO ANG
Rainbow (သက်တန့်) (Completed)
FanfictionUnicode ကိုကိုကလေ ကျွန်တော့်အတွက် သက်တန့်တစ်ခု.. ဘယ်တော့မှ နီးစပ်ခွင့်မရနိုင်မှာ ကို စိုးကြောက်ခဲ့ရတယ်။ (ဝမ်ရိပေါ်) ကိုကို့ရဲ့ သက်တန့်ရောင်စဉ်တွေက ပေါက်စလေးတစ်ယောက်တည်းကိုပဲ ဖြန့်ကျက်ထားတယ်ဆိုတာ အခု သိပြီလား။ (ရှောင်းကျန့်) Zawgyi ကိုကိုကေလ ကြၽန္ေတ...