R 23

24.2K 1.8K 84
                                    

Unicode

ဝမ်ဇီရီခမျာ ကျောင်းစဖွင့်တဲ့ရက်မို့ တစ်နေကုန် အလုပ်ရှုပ်နေခဲ့သည်။ ဖုန်းကို silent လုပ်ပြီး hand bag အိတ်ထဲ ပစ်ထည့်ထားတာကို အခန်းရောက်မှ ထုတ်ယူကြည့်မိတော့ ကျဲ မိန်လဲ့ရဲ့ missed call ပေါင်းများစွာကို တွေ့လိုက်ရတော့သည်။

ဇီရီ ချက်ချင်းပြန်ခေါ်လိုက်သည်။ တစ်ဖက်ကလည်း ချက်ချင်းဖုန်းကိုင်လာပြီး သူမ ဘာမှတောင် မပြောရသေးခင်မှာပင်

"ဇီရီ.... ဇီရီ ပြောပြောနေတဲ့ တိတိလေး ဆိုတာ ဝမ်ရိပေါ်မို့လားဟင် "

ကျဲမိန်လဲ့က တိတိလေးနာမည် ပြောလာသည်မို့ ဇီရီ အံ့ဩသွားသည်။

"ကျဲ.... ဟုတ်ပါ တယ် ကျဲ .... တိတိလေးက ဝမ်ရိပေါ်ပါ"

"ဇီရီ့ မောင်လေးက ရှောင်းဥက္ကဌနဲ့ တွဲနေတာကို သိရဲ့လားဟင်"

ဇီရီတစ်ယောက် အချက်ပေးသံတွေ တဒိုင်းဒိုင်းမြည်လာပြီး နားထင်ထိ သွေးတွေ ဆောင့်တက် လာသလိုပင်။

"ဟုတ် ကျဲ... "

"ဟင်.... ဒါ... ဒါ..ဆို ..... ကျဲက လက်ထပ်ရမယ့်သူက ရှောင်းဥက္ကဌ ရှောင်းကျန့်ပါ လို့ ပြောတော့ ဘာလို့ ဘာမှ မပြောဘဲ နေရတာလဲ။ ကျဲကတော့ ကိုယ့်ညီမလေးလို ယုံကြည်ပြီး ရင်ဖွင့်မိခဲ့တာ။ ဇီရီက ငြိမ်နေပြီး စိတ်ထဲကနေ ကျဲကို လှောင်နေခဲ့တာပေါ့လေ."

"ဟာ... ကျဲ... မဟုတ်ဘူး ကျဲ... ဇီရီက အဲ့လိုလူမျိုး မဟုတ်တာ ကျဲ သိပါတယ်။ ဇီရီက ကျဲ ကို ဘာလို့ လှောင်ရမှာလဲ ကျဲရယ်...။ ဘယ်လိုပဲ ဇီရီ့ မောင်လေး ဖြစ်စေဦး ဒါက ကိုယ်ရေး ကိုယ်တာ ကိစ္စမို့ ကာယကံရှင်တွေကိုယ်တိုင် ပြောချင်တာပဲ ဖြစ်မှာမို့ ဇီရီက မပြောခဲ့တာပါ။  ဇီရီ သိရဲ့နဲ့ မပြောခဲ့လို့ ကျဲ ကို စိတ်ဆိုးစေမိရင် တောင်းပန်ပါတယ် ကျဲ..."

တစ်ဖက်က ကျောင်းမိန်လဲ့ကတော့ ဖုန်းချသွားခဲ့လေပြီ။ ဇီရီ အကြိမ်ကြိမ်ပြန်ခေါ်ပေမယ့် မကိုင်တော့ပေ။ ဇီရီတစ်ယောက် ခုံပေါ် အရုပ်ကြိုးပြတ် ထိုင်ချ လိုက်တော့သည်။ ကျဲမေးသွားတဲ့ မေးခွန်းကို ခေါင်းအေးအေးနဲ့ ပြန်စဉ်းစားကြည့်တော့ ရှောင်းဥက္ကဌက အတိအလင်းဖွင့်ပြောလိုက်ပုံပင်။ ပေကျင်းက ပြန်လာကတည်းက ရှောင်းဥက္ကဌက လှေနံနှစ်ဖက်နင်းချင်နေတာလား ဆိုပြီး  ရင်ထဲမအေးဖြစ်နေခဲ့တာ အခုမှ စိတ်သက်သာရာ ရသွားသည်။

Rainbow (သက်တန့်) (Completed)Donde viven las historias. Descúbrelo ahora